သီပေါမြိုနယ်အတွင်းရှိ ကျင်သီတံတား ပြုပြင်မည်ဖြစ်၍ မော်တော်ယာဉ်များ ဖြတ်သန်းမှုယာယီပိတ်မည်
NOM နိုဝင်ဘာ ၉၊ ၂၀၂၆
မန္တလေး-လားရှိး ပြည်ထောင်စုလမ်းမကြီး၊ သီပေါမြိုနယ်အတွင်းရှိ ကျင်သီတံတားအားနိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီမှစပြီး ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုများကို ပိတ်ထားမည်ဖြစ်ကြောင်း သီပေါမြိုနယ် အုပ်ချုပ်ရေးအဖွဲမှ ထုတ်ပြန်ထားကြောင်းသိရသည်။
သိုဖြစ်ပါ၍ အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာကြမည့် ခရီးသွားပြည်သူများ၊ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ကားများအနေဖြင့် တံတားအနီးတွင် ဖောက်လုပ်ထားသည့် ယာယီတံတား (လမ်းလွှ) မှတစ်ဆင့် ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ကြောင်းသိရသည်။
“ကျင်သီတံတားပြုပြင်နေတဲ့ အချိန်မှာ လမ်းလွဲတံတားကနေ ကားတွေသွားလာလိုရပါတယ်။ ဒါပေမယ့် ဖြတ်သန်းဖိုအတွက် တန်ချိန်ကိုတော့ သက်မှတ်ထားတယ်။ ၅ တန်အထက် ကားကြီးများသွားခွင့်ပိတ်ထားတယ်။ အိမ်စီးကားငယ်တွေ၊ ဆိုင်ကယ်တွေနဲ့ ၅ တန်အောက် ကားတွေကတော့ဖြက်သန်းခွင့်ရပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သီပေါမဲဆန္ဒနယ်မှစိုင်းကောင်းသက်စံ ကပြောသည်။
ကျင်သီတံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြိုနှင့် သီပေါမြိုတိုကို ဆက်သွယ်ပေးထားသည့် မန္တလေး-လားရှိးပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အဓိကကျသော တံတားတစ်စင်း ဖြစ်ပြီး အဆိုပါတံတား မှာတိုက်ပွဲများကြောင့် မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက် ယာယီတံတားဖြင့် ဖြတ်သန်းသွားလာနေရသည့်မှာ လက်ရှိအချိန်ထိဖြစ်ကြောင်းသိသည်။
ကျောက်မဲ-သီပေါ လမ်းပိုင်းကို အသုံးပြု၍ ခရီးသွားမည်ဆိုပါက မထွက်ခွာမီ သက်ဆိုင်ရာ ခရီးသည်တင်ယာဉ်လိုင်းများနှင့် ကုန်စည်ပိုဆောင်ရေးဂိတ်များသို ကြိုတင်ဆက်သွယ် မေးမြန်းသင့်သည်ဟုအကြံပြုထားသည်။