11 နာရီ - ဘာသာပြန်ပါ။

နည်းပညာကုမ္ပဏီကြီးများ ၏ AI တည်ဆောက်ရေး စီမံကိန်းကြီးများ အမေရိကန် မဲဆန္ဒရှင်များ၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရ

AI နည်းပညာ တဟုန်ထိုး တိုးတက်လာမှုကို ထောက်ပံ့ရန် ဒေတာစင်တာများစွာ တည်ဆောက်နေသည့် လုပ်ငန်းစဉ်သည် အပြင်းအထန် ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရကြောင်း Politico သတင်းဌာနက ဖော်ပြခဲ့သည်။ လှုပ်ရှားတက်ကြွသူများသည် ၎င်းတို၏ ဆန့်ကျင်မှုကို ဒေသခံအသိုင်းအဝိုင်းများမှတစ်ဆင့် ပြည်နယ်ဥပဒေပြုလွှတ်တော်များအထိ တိုးမြှင့်လုပ်ဆောင်ရန် ပြင်ဆင်နေကြသည်။

ဒေတာစင်တာများ လျင်မြန်စွာ တိုးပွားလာမှု၊ ၎င်းတို၏ စွမ်းအင်နှင့် ရေအလွန်အကျွံ သုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဒီမိုကရက်တစ်ပါတီက အသုံးချနိုင်ခဲ့သဖြင့် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိမှုများက ဆန့်ကျင်သူများအတွက် အရှိန်အဟုန်သစ်တစ်ရပ် ဖြစ်စေခဲ့သည်။

အိုဟိုင်းယိုး (Ohio) ပြည်နယ်ရှိ ဒေသ ၁၁ ခုတွင် မဲဆန္ဒရှင်များက အကြီးစား ဒေတာစင်တာများ တည်ဆောက်ခြင်းကို ပိတ်ပင်ရန် အတည်ပြုခဲ့ကြသည်။ ထိုပြင် ဒေတာစင်တာ တိုးချဲ့မှုကို ဆန့်ကျင်သည့် အဆိုပြုချက်များ မဲလက်မှတ်တွင် ပါဝင်ခဲ့သည့် မြို ၁၀ မြိုလုံး၌ မဲအရေအတွက် နှစ်ဆကျော် ကွာခြားချက်ဖြင့် အနိုင်ရအတည်ပြုနိုင်ခဲ့သည်။

ကန်ဆက်စစ်(Kansas)၊ မိန်း (Maine) နှင့် ဖလော်ရီဒါ (Florida) ပြည်နယ်တိုတွင်လည်း အလားတူ ဆန့်ကျင်မှုများ တွေ့ရှိနေရပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသဆိုင်ရာ ပိတ်ပင်မှုနှင့် ဆိုင်းငံ့မှုပေါင်း ၄၀၀ ကျော်အထိ တိုးပွားလာနေသည်။

ကာလီဖိုးနီးယား (California) ပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြိုအစွန်ဖျားရှိ အယ်လ်ဟမ်ဘရာ (Alhambra) မြိုတွင် မဲဆန္ဒရှင် ၈၂ ရာခိုင်နှုန်းက ဒေတာစင်တာများ ပိတ်ပင်ရေးအတွက် ထောက်ခံမဲ ပေးခဲ့ကြသည်။

တက်ဆက်စစ် (Texas) ပြည်နယ်တွင်လည်း ရွေးကောက်ခံ အုပ်ချုပ်ရေးမှူး ဂျီနာ ဟီနိုဟိုဆာ (Gina Hinojosa) က စီမံကိန်း ၁၇၀ ကျော်ကို စိစစ်ရန်အတွက် စီးပွားဖြစ် ဒေတာစင်တာ ဆောက်လုပ်ရေးများကို ချက်ချင်း ဆိုင်းငံ့ထားရန် တောင်းဆိုထားသည်။

အိမ်များနှင့် စာသင်ကျောင်းများ ဘေးကင်းရေး၊ လျှပ်စစ်နှင့် ရေအလွန်အကျွံ သုံးစွဲမှု၊ ညစ်ညမ်းမှုနှင့် ဆူညံသံများ စသည့် AI အခြေခံအဆောက်အအုံများကြောင့် ၎င်းတို၏ အသိုင်းအဝိုင်းပေါ် သက်ရောက်လာမည့် အန္တရာယ်များကို ပြည်သူများ စိုးရိမ်လာကြသည့်အတွက် ဤဆန့်ကျင်မှုများသည် နိုင်ငံရေးပါတီ အစွဲမရှိဘဲ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

image