11 hrs - Translate

နဗီးဒီးယား (Nvidia) စီအီးအို CEO ၏ အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် သူလျှိလုပ်ရပ်ဆိုင်ရာ စွပ်စွဲချက်များကြောင့် စုံစမ်းစစ်ဆေးမှုများစတင်ခဲ့ပြီး ကုမ္ပဏီရှယ်ယာဈေးနှုန်းများ ထက်ဝက်မက ထိုးဆင်းသွားခဲ့

မိုက်ခရိုချစ်ပ်ထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်သော နဗီးဒီးယား Nvidia ၏ အမှုဆောင်အရာရှိချုပ် (CEO) ဂျန်ဆန် ဟွမ် (Jensen Huang) သည် ၎င်း၏ဇနီးဖြစ်သူအပေါ် သစ္စာဖောက်ခဲ့ကြောင်း ဝန်ထမ်းများထံ ပေးပိုသည့် ကုမ္ပဏီတွင်းမက်ဆေ့ဂျ်၌ ဝန်ခံတောင်းပန်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံသူများကို ရိုက်ခတ်သွားစေသည့် ခေါင်းဆောင်ပိုင်းဆိုင်ရာ အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရကြောင်း Bloomberg သတင်းတွင် ဖော်ပြထားသည်။

ယခု အရှုပ်တော်ပုံ၏ ဗဟိုချက်ဖြစ်သူ အမျိုးသမီးမှာ Megaspeed International မှ အမှုဆောင်ဟောင်းတစ်ဦးဖြစ်သူ အဲလစ်စတာ ဟွမ် (Alice Huang) ဆိုသူဖြစ်သည်။ သတင်းများ၏ စွပ်စွဲချက်အရ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများက ၎င်းအား တရုတ်နိုင်ငံအတွက် သူလျှိလုပ်ပေးနေသည်ဟု သံသယရှိနေကြပြီး၊ ယင်းပေါက်ကွဲအားပြင်းသည့် စွပ်စွဲချက်ကြောင့် ကုမ္ပဏီနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုများ ကြီးမားစွာ ဖြစ်ပေါ်လျက်ရှိသည်။

ကုမ္ပဏီဘုတ်အဖွဲက ပြည်တွင်းစုံစမ်းစစ်ဆေးမှုများကို ချက်ချင်းစတင်လိုက်သလို စျေးကွက်အတွင်း တုံပြန်မှုမှာလည်း လျင်မြန်ခဲ့ပြီး ဥရောပတွင် အစောပိုင်း စျေးကွက်အရောင်းအဝယ်များတွင် ရှယ်ယာဈေးနှုန်းများ ၆ ရာခိုင်နှုန်းနီးပါး ထိုးဆင်းသွားခဲ့သည်။

နဗီးဒီးယား ဘုတ်အဖွဲက အမျိုးသားလုံခြုံရေး သိုမဟုတ် ကုမ္ပဏီ၏ လျှိဝှက်သတင်းအချက်အလက်များ ပေါက်ကြားသွားခဲ့သည်ဟု ယူဆစရာအကြောင်းမရှိကြောင်း အခိုင်အမာဆိုကာ ရင်းနှီးမြှုပ်နှံသူများကို အလျင်အမြန် စိတ်အေးစေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဂျန်ဆန်ဟွမ် ဘက်မှ လူသိရှင်ကြား ရပ်တည်ပေးခဲ့ပြီး ၎င်းအနေဖြင့် ရာထူးတွင် ဆက်လက်ရှိနေသင့်သည်ဟု အကြံပြုပြောကြားခဲ့သည်။

ယခု စုံစမ်းစစ်ဆေးမှုများသည် အောက်ပါအခြေအနေများနှင့်အတူ ပေါ်ပေါက်လာခြင်း ဖြစ်သည်-

နည်းပညာကုမ္ပဏီကြီးများ၏ ဧရာမ AI အသုံးစရိတ်များကို ထောက်ပံ့ပေးနိုင်စွမ်းအပေါ် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်နေကြသဖြင့် နဗီးဒီးယား ၏ ရှယ်ယာများသည် အောက်တိုဘာလ စံချိန်တင်မြင့်မားခဲ့သည့် ဈေးနှုန်းထက် ၂၂ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။

နိုဝင်ဘာ ၁၇ ရက်တွင် သုံးလပတ် ဘဏ္ဍာရေးအစီရင်ခံစာ ထုတ်ပြန်ရန် ရှိနေပြီး ရင်းနှီးမြှုပ်နှံသူများက AI ချစ်ပ်များ၏ ဝယ်လိုအားသည် ကုမ္ပဏီ၏ တိုးတက်မှုကို ဆက်လက်ထိန်းထားနိုင်ပါ့မလားဆိုသည်ကို အနီးကပ် စောင့်ကြည့်နေကြသည်။

ဂျန်ဆန်ဟွမ် ၏ ရှေ့ရေးနှင့်ပတ်သက်၍ မရေမရာဖြစ်နေသည့် မသေချာမှုများသည် နဗီးဒီးယား ရှယ်ယာများအပေါ် ပိုမိုဖိအားပေးလာနိုင်ကြောင်း လေ့လာဆန်းစစ်သူများက သတိပေးထားသည်။

တရုတ်နိုင်ငံကမူ ဂျန်ဆန်ဟွမ် ကို သူလျှိလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

"တရုတ်သူလျှိဆိုတဲ့ ရေးသားဖော်ပြချက်ဟာ လုံးဝအခြေအမြစ်မရှိတဲ့ စွပ်စွဲမှုနဲ့ အပုပ်ချမှု သက်သက်ပဲဖြစ်ပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

image