၂၅ ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ကမ္ဘောဇသာမဏေကျော် စာမေးပွဲကြီးကို တောင်ကြီးမြို့၊ အတုလမာရဇိန် မြို့လယ်ဓမ္မာရုံ၌ နိုဝင်ဘာလ ၃ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ သာမဏေ အပါး ၁၃၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ၅၇၃ ပါး ဖြေဆိုအောင်မြင်ခဲ့ကြောင်းသိရပါတယ်
စာမေးပွဲတွင် ဖြေဆိုအောင်မြင်သည့် သံဃာတော်များအတွက် ဘွဲ့တံဆိပ်၊ စာအောင်ဆက်ကပ်ခြင်းနှင့် ဒုတိယအဆင့်၊ ပထမအဆင့် အောင် ရှင်သာမဏေများကို အောင်လက်မှတ် ဆက်ကပ်ခြင်း၊ စာအောင်ဆု ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို နိုဝင်ဘာလ ၈ ရက် နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြပါတယ်
#centralnewsnaypyitaw


+8





