M ပုံသဏ္ဍာန်ဖြင့် ခရစ္စတီယာနိုရော်နယ်ဒို အောင်ပွဲခံမှုရဲ့ နောက်ကွယ်မှု လျို့ဝှက်ချက်
နိုဝင်ဘာ ၅
ခရစ္စတီယာနိုရော်နယ်ဒိုဟာ နောက်ပိုင်း ရက်သတ္တပတ်တွင် ဂိုးသွင်းအောင်ပွဲခံမှုအသစ်အဖြစ် လက်ချောင်းများဖြင့် M ပုံသဏ္ဍာန်ဖန်တီးကာ အောင်ပွဲခံလာပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al-Nassr က Al-Khoood အား ၅-၃ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပြီးနောက် ကစားသမားဘဝ သွင်းဂိုး ၉၈၅ ဂိုး ရှိလာပြီ ဖြစ်ပြီး ဂိုးတစ်ထောင်ပြည့်ရန် ၁၅ ဂိုးတည်းသာလိုတော့ပြီ ဖြစ်ပါတယ်။
ယခင်တုန်းက ဂိုးတစ်ထောင်ကျော်သွင်းနိုင်တဲ့ ကစားသမားအဖြစ် ဘရာဇီးဂန္ထဝင်ပီလီက ၁၉၅၆ ခုနှစ်မှ ၁၉၇၇ ခုနှစ်အတွင်း ဂိုး ၁၂၇၉ ဂိုးသွင်းယူခဲ့ပါတယ်။
ဒါပေမယ့် ပီလီရဲ့ သွင်းဂိုးများတွင် ပရော်ဖက်ရှင်နယ်ပြိုင်ပွဲ သွင်းဂိုးအပြင် အပျော်တမ်းခြေစမ်းပွဲစဉ်များမှ သွင်းဂိုးကိုလည်း ထည့်သွင်းထားတာပါ။
ဂိုးတစ်ထောင်ပြည့်သွင်းရေး ကြိုးပမ်းနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပုံမှန်အားဖြင့် SIUUU ဖြင့် အောင်ပွဲခံလာခဲ့သူပါ။
ဒါပေမယ့် သူဟာ နောက်ပိုင်းပွဲစဉ်များတွင် လက်ချောင်းများဖြင့် M ပုံသဏ္ၒာဖန်တီးကာ အောင်ပွဲခံမှုအသစ်ဖြင့် အောင်ပွဲခံလာပါတယ်။
ပရိသတ်များဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အောင်ပွဲခံမှုအသစ်နှင့်ပတ်သက်ပြီး မသိနားမလည်နိုင်အောင်လည်း ဖြစ်နေကြပါတယ်။
ယခုအခါမှာတော့ ယင်းလျို့ဝှက်ချက်ကို ဖော်ထုတ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။
M က ရောမအက္ခရာတွင် ၁၀၀၀ တွင် ဂဏန်းဖြစ်ပါတယ်။
ဒါကြောင့်လည်း ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဂိုးတစ်ထောင်ပြည့်သွင်းလာနိုင်တော့မယ့်အပေါ် ရင်ခုန်စွာဖြင့် M ပုံသဏ္ဍာန်ပြုလုပ်ပြီး အောင်ပွဲခံလာတာလည်း ဖြစ်ပါတယ်။