မာတီတာရဲ့ အနီကတ်အား ခရစ္စတယ်ပဲလေ့စ် အယူခံဝင်လာ

နိုဝင်ဘာ ၄

ခရစ္စတယ်ပဲလေ့စ်ဟာ တနင်္ဂနွေနေ့တုန်းက စပါးစ်အား ရှုံးနိမ့်တဲ့ပွဲစဉ်မှ ဂျိန်းဖီးလစ်ပီမာတီတာရဲ့ အနီကတ်အား အယူခံဝင်လာပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ယင်းပွဲရဲ့ ပွဲချိန် ၁၃ မိနစ်တွင်ပင် မစ်ကီဗန်ဒီဗန်အား ဖျက်ထုတ်မှုအတွက် ဒိုင်လူကြီးမိုက်ကယ်အိုလီဗာရဲ့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အိုလီဗာဟာ အစောပိုင်းတုန်းက အဝါကတ်သာ ပြသခဲ့ခြင်း ဖြစ်ပေမယ့်လည်း VAR ပြန်လည်ဆန်းစစ်မှု ပြုလုပ်ပြီးနောက် အနီကတ်သို့ တိုးမြှင့်ပြသခဲ့တာပါ။

အသက် ၂၉ နှစ်ရှိ တိုက်စစ်မှူးဟာ ဘောလုံးကိုသာ အာရုံစိုက်ခဲ့တာ ဖြစ်ပြီး ဗန်ဒီဗန်ကို မမြင်တွေ့ခဲ့ဘူးလို့ ယုံကြည်ရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ တိုက်ရိုက်အနီကတ်ကြောင့် ၃ ပွဲပယ်ခံရမယ့်အရေးနှင့်ရင်ဆိုင်နေရတာ ဖြစ်ပြီး ယခုအခါ ပဲလေ့စ်ဘက်က ပြစ်ဒဏ်အား ဖယ်ရှား (သို့မဟုတ်) ပြစ်ဒဏ်လျှော့ချလာရေး မျှော်လင့်ချက်ဖြင့် အယူခံဝင်လာပြီ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ ယခုအပတ်တွင် လီဗာပူးနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး နည်ပြပီယာရီဆေ့ချ်မှာလည်း စိတ်ပျက်စရာရလဒ်များ ရရှိနေမှုနှင့်အတူ အနာဂတ် မရေမရာ ဖြစ်နေပါတယ်။

image