မုံရွာမြို့လို့ မဖြစ်ခင်ကတည်းက တည်ရှိခဲ့တဲ့ဆုတောင်းပြည့်ဘုရားကြီးပွဲမှာ ဆွမ်းသပိတ် (၁၀၀၀ ) လောင်းလှု
နိုဝင်ဘာ ၄
မုံရွာမြို့လို့ နာမည်မတွင်ခင်ကတည်းက တည်ရှိခဲ့တဲ့ ဆုတောင်းပြည့်ဆုတောင်းပြည့်ဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်အလုံး ၁၀၀၀ လောင်းလှုပွဲကို နိုဝင်ဘာလ၃ရက်သီတင်းကျွတ်လပြည့်ကျော်( ၈)ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးကိုလေးနဲ့ အဖွဲ့ဟာ မုံရွာမြို့သူမြို့သားတွေနဲ့အတူ ကျင်းပလောင်းလှူခဲ့ကြပါတယ်။
"အခုနှစ် ဘုရားကြီးပွဲပြန်ဖော်ခဲ့တယ်။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ညွန်ကြားလို့ မုံရွာခရိုင်နဲ့ဘမြို့နယ်ထွေအုပ်တွေက ပုံဖော်ကြတာပါ။ ဂေါပကအဖွဲ့ကဝိုင်းဝန်းကြတာပေါ့။ ဒီနေ့ဆွမ်းသပိတ်အလုံး ၁၀၀၀ လောင်းမှဘဲ ဆု
တောင်းပြည့်ဘုရားကြီးထဲက ဘုရားကြီးပွဲ ရယ်လို့ပီပြင်သွားတာပါ။ ဘာလို့လဲဆိုတော့ ဘုရားကြီးပွဲစျေးဆိုင်တွေက ဘုရားကြီးပုရဝုဏ်ထဲမှာ စျေးဆိုင်တဆိုင်မှ မရှိဘူး။ အဲဒီတော့ ဘုရားပွဲသရုပ်မပေါ်ဘူးပေါ့ဗျာ။ အပြင်ဖက်ကစျေးဆိုင်တန်းတွေက၂၀၀ ကျော်၃၀၀ လောက်ရှိမှာပေါ့။"လို့ ဆွမ်းသပိတ်လာလှုသူ မုံရွာမြို့ခံကပြောပါတယ်။
မုံရွာမြို့ ၊ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ရှေးယခင်ကတည်းက နှစ်စဥ်ကျင်းပပူဇော်ခဲ့ကြရာက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းကစလို့ ၆နှစ်ကြာရပ်နားခဲ့ရာက အခုနှစ်မှာ ဟိုးအရင်ကလိုပွဲစျေးတန်းတွေဖော်ပြီး ပြန်လည်ကျင်းပနေတာပါ။
ဘုရားပွဲတော်ရက်ဟာ သီတင်းကျွတ်လပြည့်ကျော်၅ရက်ကနေ လပြည့်ကျော်၁၅ရက်အထိ ၁၀ရက်ကြာကျင်းပတာဖြစ်ပေမယ့် သီတင်းကျွတ်လပြည့်နေ့က စတင်ကျင်းပခဲ့ကြတာဆိုတော့ ၁၅ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။
"ဘုရားကြီးပွဲစျေးတန်းမှာစားစရာတွေ အဝတ်အထည်တွေ များတာပါ။ ကလေးကစားစရာပစ္စည်းဆိုင်တော့ မရှိသလောက်နည်းသွားတယ်။မုံရွာခရိုင်ထဲက ဒေသထွက်ကုန်တွေကို ဘုရားကြီးပွဲမှာဝယ်လို့ရခဲ့ပေမယ့်
အခုတော့ အဲဒီဆိုင်တွေမတွေ့ရတော့ဘူး။ "လို့ စျေးလာဝယ်သူကပြောပါတယ်။
အရင်က ကျင်းပခဲ့တဲ့ ဘုရားကြီးပွဲတော်မှာ ဗလာဇာတ်ပွဲ၊ရုံပွဲ၊ အငြိမ့်ပွဲ၊ ဆက်ကပ်ပွဲ၊ မျက်လှည့်ပွဲ စတဲ့ ပွဲမျိုးစုံခင်းကျင်းပြသခဲ့ပေမယ့် အခုအခါအခြေအနေအရ အဲဒီပွဲတွေမပါတော့ဘဲ စျေးအရောင်းဆိုင်တွေပိုများလာသလို ချား၊ရဟတ်စတဲ့ အပျော်စီးမျိုးစုံကနေရာယူလာကြတာတွေ့ရပါတယ်။
ဆုတောင်းပြည့်ဘုရားကြီးမှာ ရှေးယခင်ကတည်းက မုံရွာမြို့သူမြို့သားတွေ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၁၀ရက်နေ့တိုင်း စုပေါင်း ကျင်းပခဲ့ကြတဲ့ စာရေးတံဆွမ်းလုံးပွဲတော်ဟာလည်း ကိုဗစ် (၁၉)ကတည်းက ရပ်နားထားတာ အခုအချိန်အထိ ပြန်လည်မကျင်းပနိုင်သေးပါဘူး။ မြန်မာတစ်နိုင်ငံလုံးမှာ ဆွမ်းလုံးပွဲတော်ကို မုံရွာတမြို့တည်းသာ ကျင်းပတာဖြစ်ပြီး မြို့လုံးကျွတ်ကျင်းပတဲ့အတွက် အထူးစည်ကားကြီးကျယ်တဲ့ပွဲဖြစ်ပါတယ်။
Credit - VOM
#သတင်းဟင်းလေးအိုးကြီး


+10







