1 ပတ် - ဘာသာပြန်ပါ။

ရိုးမားပွဲမတိုင်မီ လေပူဖောင်း ၄၀၀၀ ကျော် လွှတ်ပြီး ဂလေဇာနှင့် Ineos ကို ယူနိုက်တက်ပရိသတ်များ ဆန္ဒပြ

နိုဝင်ဘာ ၄

ယူနိုက်တက်ပရိသတ်များဟာ မနေ့ညတုန်းက ရိုးမားနှင့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အသင်းပိုင်ရှင်များကို ဆန္ဒပြတဲ့အနေဖြင့် လေပူဖောင်း ၄၀၀၀ ကျော် လွှတ်ပြီး ဆန္ဒပြသခဲ့ကြပါတယ်။

ယူနိုက်တက်ပရိသတ်များဟာ ၂၀၀၅ ခုနှစ်တုန်းက ယူနိုက်တက်အား အကြွေးဖြင့် ဝယ်ယူခဲ့တဲ့ ဂလေဇာမိသားစုအား အစဉ်သဖြင့် ဆန္ဒပြ သပိတ်မှောက်မှုများ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

မနေ့ညကပွဲမတိုင်မီမှာတော့ စထရက်ဖို့ဒ်ပွဲကြည့်စင်တွင် ၁၉၀၂ ခုနှစ်တွင် ယူနိုက်တက်ဆိုတဲ့ အမည်အား မသုံးမီ နယူးတန်ဟဲလ်အရောင်ဖြစ်တဲ့ အစိမ်းနှင့် ရွှေရောင်ကို ကိုယ်စားပြုတဲ့အနေဖြင့် အစိမ်းနှင့် ရွှေရောင်လေပူဖောင်းများအား စေလွှတ်ခဲ့ပါတယ်။

ယင်းအရောင်များမှာ ၂၀၁၀ ခုနှစ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထင်ပေါ်လာခဲ့ပြီး ယူနိုက်တက်ပွဲစဉ်များတွင် အစဉ်မြင်တွေ့လာရပါတယ်။

မနေ့ညက ပွဲမှာတော့ ပရိသတ်များဟာ ယင်းအရောင်အသုံးပြုထားတဲ့ လေပူဖောင်း ၄၀၀၀ ကျော်တို့အား လွှတ်ကာ ကလပ်ကို ၂၁ နှစ်ကြာ ကြီးစိုးလာခဲ့တဲ့ MIA Glazer ကို ဆန္ဒပြမှု ပြုလုပ်လာခဲ့ကြပါတယ်။

ဒါ့အပြင် မနေ့ညကပွဲတွင် ရိုးမားရဲ့ ၂-၀ ဖြင့် ဦးဆောင်ခြင်းခံနေချိန် ပွဲချိန် ၂၁ တွင် ပရိသတ်များဟာ တင်းနစ်ဘောလုံးများအား ကွင်းအတွင်း ပစ်ပေါက်ကာ ဆန္ဒပြခဲ့ကြပါသေးတယ်။

ပရိသတ်များ ကွင်းအတွင်း ပစ္စည်းများဖြင့် ပစ်ပေါက်မှုကြောင့် ကူညာအပါအဝင် ကစားသမားတို့ ဖယ်ရှားမှုများ ပြုလုပ်ခဲ့ရပါတယ်။

ယူနိုက်တက်ပရိသတ်များဟာ မနေ့ညကပွဲတွင် ကွင်းအတွင်းသို့ “No new stadium, we want new owners.” ဆိုတဲ့ စာသားပါ နဖူးစည်းကို ယူဆောင်ရန် ကြိုးပမ်းခဲ့ပေမယ့် ဂိတ်ဝတွင် တားဆီးခြင်းခံရမှုနှင့်အတူ ကွင်းအတွင်း မယူဆောင်နိုင်ခဲ့ပါဘူး။

ယူနိုက်တက်ပရိသတ်များဟာ လာမယ့် တနင်္ဂနွေနေ့ အက်စတွန်ဗီလာနှင့်ပွဲစဉ်တွင်လည်း အလားတူ ဆန္ဒပြမှုမျိုး ပြုလုပ်ရန် စီစဉ်ထားပါသေးတယ်။

ယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်ဟာ ဒုတိယပိုင်း သွင်းဂိုးတွေကြောင့် ၃-၂ ဖြင့် နိုင်ပွဲ ရရှိကာ ၃-၂ ဖြင့် အနိုင်ရရှိခဲ့မှုနှင့်အတူ ဖိအားအနည်းငယ်လျှော့ကျသွားခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဘုတ်အဖွဲ့ဟာ လာမယ့် အက်စတွန်ဗီလာနှင့်ပွဲအပြီးတွင် မိုက်ကယ်ကာရစ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်လာကြဦးမှာ ဖြစ်ပါတယ်။

image