6 ရက် - ဘာသာပြန်ပါ။

ယူကရိန်းကလပ်များကို ထောက်ခံအားပေးမှု နည်းပါးမှုအတွက် ဖီဖာဥက္ကဌကို ရှက်တာဒိုးနက်စ်ဝေဖန်လာ

နိုဝင်ဘာ ၄

ရှက်တာဒိုးနက်စ်အားကစားဒါရိုက်တာဒါရီဂျိုဆာနာဟာ စစ်ပွဲကာလအတွင်း ယူကရိန်းဘောလုံးလောကအပေါ် ဖီဖာရဲ့ ဆက်ဆံမှုနှင့်ပတ်သက်ပြီး ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုအား အပြင်းအထန် ဝေဖန်တိုက်ခိုက်မှု ပြုလုပ်လာပါတယ်။

ခရိုအေးရှားအသင်းခေါင်းဆောင်ဟောင်းဟာ ဖီဖာခေါင်းဆောင်အား ပြည်တွင်းကလပ်အသင်းများအား အကာအကွယ်ပေးရန် ပျက်ကွက်မှု ပြုလုပ်တယ်လို့ စွပ်စွဲသွားပြီး နိုင်ငံတွင်းသို့ ကိုယ်တိုင်လာရောက် လည်ပတ်ရန် စိန်ခေါ်သွားပါတယ်။

ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းအား ကျူးကျော်စစ်ဆင်နွဲပြီးနောက် ယူအီးအက်ဖ်အေနှင့် ဖီဖာက ကျင်းပတဲ့ ပြိုင်ပွဲအားလုံး ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် ဖီဖာဟာ ပြီးခဲ့တဲ့လတုန်းက အဇာဘိုင်ဂျန်တွင် ကျင်းပတဲ့ ယူ-၁၅ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှားအသင်းအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးခဲ့ပါတယ်။

ယင်းဆုံးဖြတ်ချက်ကြောင့် ခရိုအေးရှားအတွက် ၁၃၄ ပွဲကစားပေးခဲ့တဲ့ လက်ရွေးစင်အား အကြီးအကျယ် ဒေါသထွက်လာစေတာလည်း ဖြစ်ပါတယ်။

ဆာနာက "ဖီဖာက စီးပွားရေးလုပ်တယ်။ ဥက္ကဌစီဖီရန်(ယူအီးအက်ဖ်အေ)နဲ့ အင်ဖန်တီနို(ဖီဖာ)တို့ကို နှိုင်းယှဉ်ကြည့်လိုက်ပါ။ သူတို့နှစ်ဦးဟာ ကွဲပြားတဲ့လူတွေ ဖြစ်ပါတယ်။ ဘောလုံးကို သဘောကျတဲ့သူက မစ္စတာစီဖီရန်ပါ။ သူက ကလပ်အားလုံးကို ကာကွယ်ပေးတယ်။ သူက ဘောလုံးကို သူဌေးတွေဆီ မရောင်းစားလိုပါဘူး။ ဘောလုံးက လူတိုင်းအတွက်ပါ။ သူဌေးအတွက်ချည်း သက်သက် မဟုတ်ပါဘူး။ တဖက်မှာ ဖီဖာက စီးပွားရေး လုပ်တယ်။ ကမ္ဘာဖ့လားမှာ မြင်ခဲ့ရတယ်။ ကံဆိုးစွာပဲ သူတို့ဟာ စစ်ပွဲအတွင်း ယူကရိန်းက ဘယ်ကလပ်တစ်ခုမှ အကာအကွယ်မပေးခဲ့ဘူး။ သူတို့ အလုပ်က ဘာလဲ။ ကလပ်တွေကို ကာကွယ်ဖို့ ကစားသမားတွေကို ကာကွယ်ဖို့ မဟုတ်ဘူးလား။ ဒါပေမယ့် သူတို့ ဘာမှ မလုပ်ဘူး။ ဒါပြီးသွားရင်တော့ စိတ်ပြောင်းသွားလိမ့်မယ်။ အခုအချိန်အထိတော့ သူကိုရော ဖီဖာအဖွဲ့အစည်းတစ်ခုလုံးပါ ကျွန်တော့်ဘက်က လေးစားမှု မရှိပါဘူး"လို့ ပြောကြားသွားပါတယ်။

ဖီဖာက ရုရှား ယူ-၁၅ ကို ကမ္ဘာ့ဖလားတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပေးလာပေမယ့်လည်း ဆာနာက ယူအီးအက်ဖ်အေမှာမူ ရုရှားကလပ်များအား ဥရောပပြိုင်ပွဲများတွင် ပါဝင်ခွင့်ပေးလာဖို့ မရှိသေးကြောင်း ဆိုသွားပါတယ်။

image