အန်ဖီးလ်ကွင်းတွင် ယှဥ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲ၌ ဂိုးပေါက်တည့်အခွင့်အရေး မရခဲ့ခြင်းမှာ လီဗာပူးလ်အသင်းအတွက် ပထမဆုံးအကြိမ်ဖြစ်
လီဗာပူးလ်အသင်းသည် မနေ့ညက ယှဥ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဥ်တွင် အိမ်ကွင်း၌ အာဆင်နယ်အသင်းကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး မှတ်တမ်းဆိုးတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ရသည်။
ယင်းမှတ်တမ်းမှာ အန်ဖီးလ်ကွင်းတွင် ယှဥ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲ၌ ပထမဆုံးအကြိမ်အဖြစ် ဂိုးပေါက်တည့်အခွင့်အရေး တစ်ကြိမ်မျှ မရရှိခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် အန်ဖီးလ်ကွင်း၌ အာဆင်နယ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့သော်လည်း ဂိုးပေါက်တည့်အောင် မစွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
Opta မှ အချက်အလက်မှတ်တမ်းများ စတင်ရယူသည့် ၂၀၀၃-၀၄ ရာသီမှ စတွက်ပါက လီဗာပူးလ်အသင်းအနေဖြင့် အန်ဖီးလ်ကွင်းတွင် ပရီးမီးယားလိဂ်ပွဲပေါင်း ၄၂၂ ပွဲ ယှဥ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ဇန်နဝါရီလက အာဆင်နယ်နှင့် ဆုံတွေ့ခဲ့သည့်ပွဲတွင်လည်း ဂိုးပေါက်တည့်အခွင့်အရေးမရခဲ့သည့်အတွက် အာဆင်နယ်အသင်းကို ဂိုးပါက်တည့်အခွင့်အရေးရရှိအောင် နှစ်ပွဲဆက်မစွမ်းဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
အာဆင်နယ်အသင်းမှာမူ လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်း၌ ၂၀၁၂ နောက်ပိုင်း ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်၌ အဝေးကွင်းနိုင်ပွဲ ၃၀၀ ပြည့်မြောက်ခဲ့သည်။
ထို့ကြောင့် မန်ယူ ( ၃၂၈ ပွဲ) ၏နောက် ပရီးမီးယားလိဂ်အဝေးကွင်းနိုင်ပွဲ ၃၀၀ ပြည့်သည့် ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။