လက်မခံနိုင်စရာ စော်ကားမှုအတွက် ကာရေဂါကို အက်စတွန်ဗီလာ တရားစွဲမည်
နိုဝင်ဘာ ၁
အက်စတွန်ဗီလာက ကလပ်အား လက်မခံနိုင်စရာ စော်ကားမှု ပြုလုပ်ခဲ့တဲ့ ဂျေမီကာရေဂါကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကြေညာလာပါတယ်။
သောကြာနေ့တုန်းက ဗီလာက ဆိုရှယ်မီဒီယာတွင် ဥက္ကဌနာဆက်ဆာဝီရစ်လက်မှတ်ထိုးထားတဲ့ ထုတ်ပြန်ချက်တစ်ခု ပြုလုပ်လာပြီး ကာရေဂါက ကလပ်နှင့် ပရိသတ်များကို စော်ကားထားကြောင်း စွပ်စွဲထားပါတယ်။
ဒါ့အပြင် ကလပ်က အင်္ဂလန်နှင့် ဥရောပဘောလုံးလောကတွင် မိမိတို့ရဲ့ တိုးတက်မှုအား မည်သူ့ရဲ့ ဟန့်တားမှုကိုမျှ ခွင့်ပြုသွားမည်မဟုတ်ကြောင်းလည်း ထပ်လောင်း ပြောကြားထားပါသေးတယ်။
Stick to Football အစီအစဉ်တွင် ကာရေဂါက ဗီလာနည်းပြအူနိုင်းအမ်မရီမှာ ယူရိုပါလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုများစွာ ရယူထားနိုင်ပေမယ့် ချန်ပီယံလိဂ်တွင်လည်း အောင်မြင်နိုင်တဲ့ နည်းပြဖြစ်ကြောင်း သက်သေပြလိုပါက ယူနိုက်တက်အား ကိုင်တွယ်ရန် လိုအပ်ကြောင်း ပြောဆိုထားခဲ့သလို ဗီလာမှာ ယူနိုက်တက်ကဲ့သို့ မည်သည့်အခါတွင်မျှ ဖြစ်လာမှာ မဟုတ်ကြောင်း ဆိုခဲ့ဖူးပါတယ်။
ကာရေဂါက "ဗီလာက မန်ချက်စတာယူနိုက်တက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ သူလည်း ထိပ်သီးကလပ်တစ်ခုကို ကိုင်တွယ်ဖို့ နောက်ထပ် အခွင့်အရေး ရချင်မှာပါ။ ခင်ဗျားတို့ ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒါက ဘောလုံးလောက သံသရာပါ။ ဒီတော့ ရီးရဲလ်မက်ဒရစ်က ယူနိုက်တက်ရဲ့အကောင်းဆုံးကစားသမား(ခရစ္စတီယာနိုရော်နယ်ဒို)ကို ခေါ်သွားခဲ့တယ်။ ပြီးတော့ ဗီလာအောက်မှာ အသင်းတွေ ရှိကြမယ်။ သူတို့(ဗီလာ)က အဲဒီကလပ်တွေက ကစားသမားတွေ သို့မဟုတ် မန်နေဂျာကို ခေါ်ယူမယ်။ အက်စတွန်ဗီလာပရိသတ်တို့ရေ xxx ပါးစပ်ပိတ်ထား။ အက်စတွန်ဗီလာက ဘယ်တော့မှ မန်ချက်စတာယူနိုက်တက် ဖြစ်လာမှာ မဟုတ်ဘူး"လို့ ပြောကြားသွားပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
Sky Sports နှင့် အမေရိကန်ရုပ်သံဌာန CBS တို့တွင် ဘောလုံးဝေဖန်သူအဖြစ် လုပ်ဆောင်နေတဲ့ ကာရေဂါဟာ ဗီလာပရိသတ်များကို ပါးစပ်ပိတ်ထားဖို့ ပြောဆိုမှုအတွက် အပြင်းအထန် ဝေဖန်မှုများနှင့် ကြုံရပြီး ဖြစ်ပါတယ်။
ယင်းနှင့်ပတ်သက်ပြီး ကာရေဂါက အမ်မရီမှာ ယူနိုက်တက်အား ကိုင်တွယ်လိုလိမ့်မယ်လို့ ပြောဆိုမှုအတွက် ဗီလာပရိသတ်များက ဝေဖန်လာမှုအပေါ် ဟာသနှော တုံ့ပြန်ခြင်းမျှသာ ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။
ယင်းနောက် ကာရေဂါဟာ Overlap Daily အစီအစဉ်တွင် အသေးစိတ်ပြောကြားမှု ပြုလုပ်လာပါတော့တယ်။
ကာရေဂါက "အူနိုင်းအမ်မရီက ဒီလိဂ်မှာ အကောင်းဆုံးမန်နေဂျာပါ။ ခင်ဗျားသာ ယူနိုက်တက်ဆိုပါစို့ အကောင်းဆုံးကို ရဖို့ လုပ်နိုင်မလဲ ကြည့်မှာပဲလေ။ သူ သွားမယ်လို့ ပြောခဲ့တာ မဟုတ်ဘူး။ ကျွန်တော်သာဆိုရင်ကော ဆိုပြီး မေးခွန်းထုတ်ခဲ့တာလေးပါ။ ထိပ်တန်းနည်းပြတွေက ထိပ်တန်းကလပ်တွေမှာ ကောင်းကြတယ်။ ဒါက အမ်မရီပါ။ သူ့ကို ကြည့်ပြီး ရာဖာ(ဘင်နီတက်ဇ်)ကို သွားသတိရစေတယ်။ ကိုယ့်အတ္တကို တွေးကြည့်တဲ့အခါ ဒါက မင်းအဆင့်လို့ ပြောလာရင် ကျုပ်ကတော့ လက်ခံလာမှာ မဟုတ်ဘူး။ ဒါက ကျွန်တော့်အမြင်ပါ။ ဒါက လက်တံ ခြေတံ ကြီးလာတာပါ။ သူတို့ကို ပါးစပ်ပိတ်ထားဖို့ ပြောခဲ့တာမျိုး မပြောခဲ့သင့်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒါက သူတို့ ကျွန်တော့်ကို ဆိုရှယ်မီဒီယာမှာ လာပြောနေကြလို့ ဟာသလုပ်လိုက်တာပါ။ ကျွန်တော့်ဆိုရှယ်မီဒီယာမှာ လာမပြောကြနဲ့လို့ ပြောတာပါ"လို့ ထပ်မံ ရှင်းလင်းသွားပါတယ်။