မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍ၌ပူးပေါင်းဆောင်ရွက်ရေးအတွက် RoC လက်မှတ်ရေးထိုး

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍ၌ပူးပေါင်းဆောင်ရွက်ရေးအတွက် အောက်တိုဘာ ၂၇ ရက်က RoC လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲကို ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ကျင်းပသော အကြိမ်(၃၀)မြောက် စွမ်းအင်နှင့်ဂေဟဗေဒစနစ်ဆိုင်ရာဖိုရမ်တက်ရောက်ခဲ့သည့် လျှပ် စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တက်ရောက်ခဲ့ကြောင်း သိရသည်။

RoC အရ နှစ်နိုင်ငံကြား မဟာဓာတ်အားလိုင်းများအား အဆင့်မြှင့်တင်ခြင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတွင်ဖြစ်ပေါ်နိုင်သည့် လေလွင့်ဆုံးရှုံးမှုများ(Losses)လျှော့ချရေး နည်းပညာနှင့် ရင်းနှီးမြှုပ် နှံမှုများပူးပေါင်းဆောင်ရွက်ခြင်း၊ Smart Power Generation နှင့် Smart Grid ဖွံ့ဖြိုးလာစေရေးအတွက် နည်းပညာများအကူအညီပေးခြင်းတို့ပါဝင်ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍနှစ်ရပ်လုံးတွင် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးလာရေးအတွက် ဘယ်လာရုစ်နိုင်ငံ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ တက္ကသိုလ်များသို့ သင်တန်း သားများစေလွှတ်၍ သက်ဆိုင်ရာဘာသာရပ်များ လေ့ ကျင့်သင်ကြားခြင်းတို့လည်းပါဝင်ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် Energy Expo တွင် ခင်းကျင်းပြသထားသည့် နိုင်ငံတကာလျှပ်စစ်နှင့်စွမ်း အင်ကဏ္ဍဆိုင်ရာပြခန်းများအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

image