ပုသိမ်မြို့ပေါ်ပြေးဆွဲနေသည့် မီနီအိုးဝေများကို
လုပ်ငန်းလိုင်စင်ပြုလုပ်ပေးမည်
မီနီအိုးဝေအငှားခေါ်ယူရာတွင် Mobile Application များသုံး၍ခေါ်ယူနိုင်ရေးဆောင်ရွက်နေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်တွင်ပြေးဆွဲနေသည့် မီနီအိုးဝေများကို လုပ်ငန်းလိုင်စင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက်က ပုသိမ်မြို့ပေါ်ပြေးဆွဲနေသည့် မီနီအိုးဝေများနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးရာ၌ တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်ထွန်းဇော်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုသိမ်မြို့ပေါ်၌ မီနီအိုးဝေများ စည်းကမ်းမဲ့မောင်နှင်နေသဖြင့် မီနီအိုးဝေများအတွက် စည်းကမ်းထုတ်၍ သေ ချာကြပ်မတ်ရန်လိုကာ ရပ်ကွက်အလိုက် မီနီအိုးဝေစာ ရင်းကောက်ယူပြီး စာရင်းပြုစုပေးကြရန်နှင့် ရရှိလာသောစာရင်းများအရ လုပ်ငန်းလိုင်စင်မရှိသေးသော မီနီအိုးဝေများအား လုပ်ငန်းလိုင်စင်ပြုလုပ်ပေးမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့အတူ တိုင်းစည်ပင်ဝန်ကြီးကလည်း မီနီအိုးဝေများအတွက် တူညီဝတ်စုံများသက်မှတ်ပေးမည်ဖြစ်ကာ စည်ပင်ဌာနမှ မီနီအိုးဝေများအတွက် ဂိတ်သက်မှတ်ပေးမည်ဖြစ်ပြီး မီနီအိုးဝေအငှားခေါ်ယူရာတွင် Mobile Application များသုံး၍ခေါ်ယူနိုင်ရေး စီစဥ်ဆောင်ရွက်နေသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

image