အောင်လံမြို့၌ အယ်လ်နီညိုဖြစ်စဥ်ကြောင့် အပူရှိန်ပြင်းထန်လာမည်ဖြစ်၍ အပူရှောင်စခန်းများဖွင့်လှစ်ရန်ပြင်ဆင်နေ

မကွေးတိုင်း၊ အောင်လံမြို့၌ အယ်လ်နီညိုဖြစ်စဥ်ကြောင့် အပူရှိန်ပြင်းထန်လာချိန်တွင် ဒေသခံများဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အပူရှောင်စခန်းများဖွင့်လှစ်ရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အောင်လံမြို့၊ ကန်ကြီးရပ်ကွက်၊ သိမ်ကုန်းဓမ္မာရုံနှင့် စမ်းချောင်ရပ်ကွက်၊ ကုသိနာရုံဘုရားတို့တွင်ဖွင့်လှစ်ရန်ပြင်ဆင်လျက်ရှိသည့် အပူရှောင်စခန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက အောက်တိုဘာ ၂၁ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပူရှောင်စခန်းများအတွက်လိုအပ်မည့် သောက်ရေသုံးရေစီစဉ်ထားရှိမှု၊ အခြေခံစားသောက်ကုန်များစီစဉ်ထားရှိမှု၊ မီးစက်၊ ပန်ကာ၊ လေအေးပေးစက်များစီစဉ်ထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်စီစဉ်ထားရှိမှုနှင့် သန်းစင်ခန်းများလုံလောက်စွာထားရှိမှုတို့အားကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

image