5 ရက် - ဘာသာပြန်ပါ။

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲခြင်းနှင့် ပတ်သက်ပြီး စစ်ဆေးဖော်ထုတ်ပေးခဲ့သည့် ဝန်ထမ်း ၁၂ ဦး ကို ဂုဏ်ပြု

ရန်ကုန်တိုင်း ရွှေလင်ပန်းရှိ ‘‘777’’ ပလတ်စတစ်စက်ရုံနှင့် စမ်းချောင်းမြို့နယ်ရှိ Royal Khattar Hotel တို့တွင် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲခြင်းနှင့် ပတ်သက်ပြီး စစ်ဆေးဖော်ထုတ်ပေးခဲ့သည့် ဝန်ထမ်း ၁၂ ဦးအား ပြည်ထောင်စုဝန်ကြီးက‌ ယမန်နေ့က ချီးမြှင့်ဂုဏ်ပြုသည့် မှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။
မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း ၁၂ ဦးအား ချီးကျူးဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲကို ယမန်နေ့ မနက်ပိုင်းက ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၌ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
နစ်နာခဲ့သည့် ဓာတ်အားခလျော်ကြေးများ ပြန်လည်ရရှိရေးနှင့် Losses ကျဆင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း ၁၂ ဦးတို့အား ပြည်ထောင်စုဝန်ကြီးက ချီးမြှင့်ဂုဏ်ပြုသည့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ခြင်းလည်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇွန်လအတွင်းက ရန်ကုန်တိုင်း၊ မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုစက်ရုံတစ်ခုတွင် လည်း လျှပ်စစ်မီတာ ခိုးသုံးမှုကြောင့် နိုင်ငံတော်မှ ငွေကျပ်သိန်း ၄၅,၀၀၀ ကျော် ဆုံးရှုံးနစ်နာခဲ့ရသည့်အတွက် စက်ရုံပိုင်ရှင်ကို အမှုဖွင့်အရေးယူခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

image