မူဆယ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်၏ ဆီသိုလှောင်ကန်မီးလေ-ာင်မှု အချိန် ၇ နာရီခွဲခန့်ကြာငြှိမ်းသတ်ခဲ့ရ
ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၏ ဆီသိုလှောင်ကန်၌ ယနေ့ အောက်တိုဘာ ၂၀ ရက်နံနက် ၁၀ နာရီ ၁၀ မိနစ်ကျော်ခန့်မှစတင်ကာမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မူဆယ်ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်စခန်းများနှင့် လူမှုကူညီရေးအ သင်းများက ဝိုင်းဝန်းငြှိမ်းသ-တ်ခဲ့ကြရာ စတင်လေ-ာင်ကျွမ်းသည့်အချိန်မှစ၍ ၇ နာရီခန့်ကြာမြင့်ချိန် ညနေ ၅ နာရီတွင်မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
မီးထိန်းနိုင်ခဲ့ပြီးဖြစ်၍ အပြီးသတ်ငြှိမ်းသတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ကြသဖြင့် ညနေ ၅ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်၌ မီးလေ-ာင်မှုကြောင့်ပျ-က်စီးဆုံးရှုံးမှုများကိုစစ်ဆေး၍ စတင်ရှင်းလင်းမှုများပြုလုပ်လျက်ရှိပြီး စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းကိုလည်း သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။