ရန်ကုန်တိုင်း၌ လူဦးရေ(၉,၃၁၅)ဦးအတွက် အလုပ်အကိုင်များရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခုကိုခွင့်ပြုပေး
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ လူဦးရေ ၉,၃၁၅ ဦးအတွက် အလုပ်အကိုင်များရရှိမည့် ရင်း နှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခုကို ယနေ့ အောက်တိုဘာ ၂၀ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် ကော်မတီ၏ ၄/၂၀၂၆ ကြိမ်မြောက်အစည်းအဝေးမှခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
စက်မှုကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုတို့ကိုခွင့်ပြုပေးခဲ့ခြင်းဖြစ်ကာ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈၄၈ သန်းနှင့် ငွေကျပ် ၃,၁၃၃ ဒသမ ၅၉၇ သန်းဖြစ်ကြောင်း သိရသည်။
ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းများအဓိကပါဝင်ကြောင်း သိရသည်။
အစည်းအဝေး၌ မတည်ရင်းနှီးငွေတိုးမြှင့်မည့် လုပ်ငန်း ၈ ခုအပါအဝင် အထွေထွေကိစ္စရပ်များတင်ပြလာသည့် ကုမ္ပဏီ ၆ဝ ခု၏တင်ပြချက်များကိုလည်းဆွေးနွေးဆုံး ဖြတ်ခဲ့ကြကြောင်း သိရသည်။