အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၌ သီ တင်းကျွတ်ပွဲတော်ကို ၅ ရက်တိုင်ကျင်းပမည် ဥယျာဥ်ဖွင့်ချိန်ကိုလည်းတိုးမြှင့်မည်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၌ သီတင်းကျွတ်ပွဲတော်ကို အောက်တိုဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၇ ရက်အထိ ၅ ရက်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သီတင်းကျွတ်ပွဲတော်ကို Thadingyuts Night Poem 2026 အဖြစ်ကျင်းပခြင်းဖြစ်ကာ ဥယျာဥ်ဖွင့်ချိန်ကိုလည်း နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)အတွင်း၌ မီးလုံးပေါင်းများစွာဖြင့်အလှဆင်ထား၍ သီတင်းကျွတ်ပွဲတော်အား လာရောက်ဆင်နွှဲကြရန်ဖိတ်ခေါ်ထားကြောင်း သိရသည်။