1 ရက် - ဘာသာပြန်ပါ။

ရှမ်းယူနိုက်တက်အမျိုးသမီးအသင်း ဂျပန်နှင့် ဖိလစ်ပိုင်ကွင်းလယ်ကစားသမားများကို ခေါ်ယူ

ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းသည် ဂျပန်နှင့် ဖိလစ်ပိုင်ကွင်းလယ်ကစားသမားများကို ခေါ်ယူအားဖြည့်လိုက်သည်။

ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းသည် အသက် ၂၄ နှစ်ရှိ ဂျပန်အမျိုးသမီးကစားသမား ကီရာရာအိုဂါဝါနှင့် အသက် ၂၉ နှစ်ရှိ ဖိလစ်ပိုင်အမျိုးသမီးကစားသမား ရန်ဇီရဲလောင်တို့ကို ပြီးခဲ့သည့်ရက်ပိုင်းက ခေါ်ယူ ဖြည့်တင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျပန် အမျိုးသမီးကစားသမား ကီရာရာအိုဂါဝါသည် ကွင်းလယ်တိုက်စစ်နှင့် တောင်ပံတိုက်စစ်နေရာများတွင် ကစားနိုင်သူဖြစ်ပြီး ဘယ်ခြေရော၊ ညာခြေပါ အသုံးပြုနိုင်သူဖြစ်ကြောင်း သိရသည်။

ကီရာရာအိုဂါဝါသည် ဂျာမနီအမျိုးသမီးကလပ်အသင်းလေးသင်းတွင် ကစားခဲ့ဖူးသည့် ဥရောပအတွေ့အကြုံရှိသူဖြစ်သလို ဖိလစ်ပိုင်ကလပ် စတေလီယွန်လာဂူနာအသင်းနှင့်လည်း အာရှအမျိုးသမီးချန်ပီယံလိဂ် ကစားခဲ့ဖူးသည့် အတွေ့အကြုံရှိသူဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့်ရာသီက ဧရာဝတီအမျိုးသမီးအသင်းထံတွင်လည်း အငှားလာရောက်ကစားခဲ့ဖူးကြောင်း သိရသည်။

ဖိလစ်ပိုင်အမျိုးသမီးကစားသမား ရန်ဇီရဲလောင်သည် ကွင်းလယ်တိုက်စစ်နှင့် တောင်ပံတိုက်စစ်နေရာများတွင် ကစားနိုင်သူဖြစ်သည်။

ရန်ဇီရဲလောင်သည် ဖိလစ်ပိုင်ကလပ် စတေလီယွန်လာဂူနာအသင်းနှင့် အာရှအမျိုးသမီးချန်ပီယံလိဂ် ကစားခဲ့ဖူးသည်။

image