ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး
နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၈၂/၂၀၂၆ ဖြင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း ယနေ့ အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာကိုကိုလွင် ကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း ယင်းအမိန့်၌ပင်ထည့်သွင်းထုတ်ပြန်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စုအ စိုးရအဖွဲ့ဥပဒေပုဒ်မ ၁၂ တို့အရ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဒေါက်တာကိုကိုလွင် တို့ကို ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။