FIFA ဥက္ကဋ္ဌ အင်ဖန်တီနို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ပေးခံရတဲ့ အဖွဲ့အစည်းတစ်ခုကနေ ဒေါ်လာ ၁.၇ သန်း ရရှိခဲ့

FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ယူလုပ်ကိုင်ခွင့်ရတဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတစ်ခုကနေ စာရင်းမဖော်ပြတဲ့ ဒေါ်လာ ၁.၇ သန်း ရရှိခဲ့ပါတယ်။
FIFA နဲ့ U.S. Internal Revenue Service (IRS) ရဲ့မှတ်တမ်းတွေအရ အခုရရှိမှု ထွက်ပေါ်လာတာဖြစ်တယ်။
ထပ်ဆောင်းရရှိငွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတာက FIFA စည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်နိုင်တယ်လို့ ESPN က ရေးသားခဲ့ပါတယ်။
IRS မှတ်တမ်းမှာ ၂၀၂၆ ကမ္ဘာ့ဖလား လုပ်ငန်းဆောင်ရွက်ခွင့်ရတဲ့ ကုမ္ပဏီတစ်ခုကနေ အင်ဖန်တီနိုဟာ ၂၀၂၄ ခုနှစ်အတွင်း ဒေါ်လာ ၁.၇၂ သန်း ရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
FIFA ရဲ့ ၂၀၂၄ ဘဏ္ဍာရေးရှင်တမ်းမှာ အင်ဖန်တီနိုရဲ့ပုံမှန်တစ်နှစ်လစာဖြစ်တဲ့ ဒေါ်လာ ၄.၈၆ သန်းဝန်းကျင်သာ စာရင်းထုတ်ပြန်ခဲ့ပါတယ်။
အခု ထပ်ဆောင်းရရှိတဲ့ ဒေါ်လာ ၁.၇၂ သန်းကို ထည့်သွင်းမထားဘူးလို့ သိရပါတယ်။

image