ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများ အကောင်အ ထည်ဖော်နေ၍ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းတို့ကို ကြိုတင်အဆင့်မြှင့်တင်ခြင်းဖြစ်

ထားဝယ်လေဆိပ်နှင့် လေယာဥ်ပြေးလမ်းအဆင့်မြှင့်တင်နေမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ အောက်တိုဘာ ၁၂ ရက်မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်လေဆိပ်အားကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ် သည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဝင်းမင်းတို့က ထားဝယ်လေဆိပ်ဆိုင်ရာအချက်အလက်များ၊ ထားဝယ်လေဆိပ်အဆင့်မြှင့်တင်တိုးချဲ့တည်ဆောက်ရေးအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းတို့အား ဘဏ္ဍာရေးနှစ်အလိုက် အဆင့်မြှင့်တင်တိုးချဲ့တည်ဆောက်နေမှုတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများအကောင်အထည်ဖော်နေရာ ခရီးသည်နှင့် လေယာဉ်ဆိုက်ရောက်ပျံသန်းဝင်ထွက်မှုများ ပိုမိုများပြားလာနိုင်၍ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်မှုအား ကြိုတင်ဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်မှုရှိစေရေး၊ လေယာဉ်များဘေးအန္တရာယ်ကင်းရှင်းစွာဆင်းသက်နိုင်ရေးနှင့် လေယာဉ်ပြေးလမ်းတစ်လျှောက် ရေဝပ်ဧရိယာများမရှိစေရေး ရေနုတ်မြောင်းများစနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်လိုသည်ဟု ပြောသည်။
ထို့ပြင် လေယာဉ်ပြေးလမ်းဘယ်/ညာလမ်းပုခုံးမြေသားများစနစ်တကျဖော်ဆောင်ခြင်း၊ ပြေးလမ်းတစ် လျှောက်ပတ်ဝန်းကျင်တွင် ခြုံနွယ်များခုတ်ထွင်ရှင်း လင်းရန်မှာကြားပြီး နိုင်ငံတော်သမ္မတက လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်နေမှုကိုကြည့်ရှုစစ်ဆေးခဲ့သည်။

image