သဘောတူဖို့ကိုပဲ ဇလန်းစကီး အာရုံစိုက်သင့်တယ်လို့ ထရမ့် ပြော
ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်ဖို့အတွက် ငြိမ်းချမ်းရေးသဘောတူညီဖို့ကိုပဲ ဇလန်းစကီးအနေနဲ့ အာရုံစိုက် လုပ်ဆောင်သင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
မော်စကိုနဲ့ ဝါရှင်တန်တို့ကြား လုပ်ဆောင်ခဲ့တဲ့ ဒီဇယ်သဘောတူညီချက်အပေါ် ပါတီတူ ရီပတ်ဘလစ်ကန်တွေရဲ့ ဝေဖန်မှုတွေကို တုံ့ပြန်ပြောဆိုရာမှာ ထရမ့်က အဲဒီသဘောတူညီချက်ဟာ "ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေအတွက်" ဖြစ်ပြီး စွမ်းအင်ဈေးကွက်ပေါ်မှာလည်း "အလွန်ကြီးမားတဲ့ သက်ရောက်မှု" ရှိလာလိမ့်မယ်လို့ ဆိုပါတယ်။
အိုဟိုင်းယိုးပြည်နယ်ကို မထွက်ခွာခင် အိမ်ဖြူတော် တောင်ဘက်လွန်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ထရမ့်က "ကျွန်တော်ကတော့ ဒီလိုပဲမြင်တယ်၊ ဇလန်းစကီးအနေနဲ့ အဲဒီကိစ္စတွေကို လျှောက်ပြောနေမယ့်အစား သဘောတူညီဖို့ကိုပဲ ဦးစားပေး လုပ်ဆောင်သင့်တယ်"လို့ ပြောကြားခဲ့ပါတယ်။