သီပေါမြို့တွင် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြန်လည်ကျင်းပမည်

သီပေါမြို့တွင် ရပ်နားထားသည်မှာ ကြာမြင့်ပြီဖြစ်သည့် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယခုနှစ်တွင် ပြန် လည်ကျင်းပရန် ဆုံးဖြတ်ထားပြီး ပွဲတော်အတွင်း ဈေးရောင်းပွဲများ၊ ရှမ်းပြဇာတ်နှင့် စတိတ်ရှိုးများလည်းထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သီပေါမဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားထားသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် မြို့နယ်အဆင့်နှင့် ရပ်ကွက်၊ ကျေးရွာအဆင့်အဖွဲ့များ တွေ့ဆုံဆွေးနွေးပြီးနောက် ပွဲတော်ပြန်လည်ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ဘုရားကြီး ဆရာတော်ထံလည်း လျှောက်ထားခဲ့ကြောင်း ဆိုသည်။

ပွဲတော်တွင် မြို့ခံများအပြင် အနယ်နယ်အရပ်ရပ်မှ ဈေးသည်များ လာရောက်ရောင်းချနိုင်ရန် ဖိတ်ခေါ်ထားပြီး နာမည်ကြီးအနုပညာရှင်များ၏ ဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သီပေါမြို့ကို ယခင်ကဲ့သို့ ပြန်လည်စည် ကားလာစေရန် ကြိုးပမ်းနေပြီး ပြည်သူများ ရင်ဆိုင်နေရသည့် အခက်အခဲများကိုလည်း တစ်ခုချင်းဖြေရှင်းပေးသွားမည်ဟု ၎င်းက ပြောကြားထားသည်။

ဓာတ်ပုံ-စိုင်းကောင်းသက်စံ

image