တစ်လကျော်ကြာ ခေတ္တရပ်နားထားတဲ့ M League ပြိုင်ပွဲ ပြန်လည်စတင်မယ်
တစ်လကျော်ကြာ ခေတ္တရပ်နားထားတဲ့ ယခုရာသီ M League ပြိုင်ပွဲ ပြန်လည်စတင်မှာဖြစ်ပြီး ယခုတစ်ပတ်တွင် ရန်ကုန်ယူနိုက်တက်နဲ့ ရန်ကုန်စီးတီးအသင်း တွေ့ ဆုံနေလျက်ရှိကြောင်း သိရပါတယ်။
ယခုရာသီ M League ပြိုင်ပွဲကို ပွဲစဉ် (၂) အပြီးဖြစ်တဲ့ စက်တင်ဘာ ၆ ရက် နောက်ပိုင်းတွင် ရပ်နားခဲ့ခြင်းဖြစ်ပြီး ပွဲစဉ် (၃) ကို အောက်တိုဘာ ၉၊ ၁၀၊ ၁၁ ရက်များတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ပွဲစဉ် (၃) အဖြစ် အောက်တိုဘာ ၉ ရက်တွင် ရန်ကုန်မြို့ရှိ သီဟဒီပကွင်း၌ ISPE အသင်းနဲ့ ဒဂုံစတားယူနိုက်တက်အသင်း၊ YUSC ကွင်း၌ စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ ချင်းလန့်အသင်း၊ အောက်တိုဘာ ၁၀ ရက်တွင် ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်း၌ ဧရာဝတီယူနိုက်တက်အသင်းနဲ့ သစ္စာအားမာန်အသင်း၊ သီဟဒီပကွင်း၌ မြဝတီအသင်းနဲ့ ရတနာပုံအသင်း၊ အောက်တိုဘာ ၁၁ ရက်တွင် YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ရန်ကုန်စီးတီးအသင်း၊ ပဲခူးမြို့ရှိ ပဲခူးကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ယှဉ်ပြိုင်ကစားကြမှာဖြစ်ကြောင်း သိရပါတယ်။
ယခုရာသီ M League ပြိုင်ပွဲ ပွဲစဉ် (၂) အပြီးတွင် ဒဂုံစတားယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့မှာ နှစ်ပွဲကစား၊ နှစ်ပွဲနိုင်၊ ရမှတ်ခြောက်မှတ်စီဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ဦးဆောင်နေလျက်ရှိကြောင်း သိရပါတယ်။
ယင်းအသင်းနှစ်သင်းအောက်တွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နဲ့ ရတနာပုံအသင်းတို့မှာ နှစ်ပွဲကစား၊ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ်လေးမှတ်စီဖြင့် အမှတ်ပေးဇယား အဆင့် (၃၊ ၄) နေ ရာတို့တွင် ရပ်တည်နေကြောင်း သိရပါတယ်။
စစ်ကိုင်းယူနိုက်တက်နဲ့ ဧရာဝတီယူနိုက်တက်အသင်းမှာမူ နှစ်ပွဲကစား၊ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ်သုံးမှတ်စီဖြင့် အဆင့် (၅၊ ၆) နေရာတွင် ရပ်တည်နေကြောင်း သိရပါတယ်။
သစ္စာအားမာန်အသင်းနဲ့ ရန်ကုန်စီးတီးအသင်းမှာ နှစ်ပွဲကစား၊ နှစ်ပွဲသရေ၊ ရမှတ်နှစ်မှတ်စီဖြင့် အဆင့် (၇၊ ၈) နေရာတို့တွင် ရပ်တည်နေကြောင်း သိရပါတယ်။
ဟံသာဝတီယူနိုက်တက်အသင်းနဲ့ မြဝတီအသင်းတို့မှာ နှစ်ပွဲကစား၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ်တစ်မှတ်စီဖြင့် အဆင့် (၉၊ ၁၀) နေရာတို့တွင် ရပ်တည်နေကြောင်း သိရပါတယ်။
ISPE အသင်းနဲ့ ချင်းလန့်အသင်းတို့မှာမူ နှစ်ပွဲကစား၊ နှစ်ပွဲစလုံး ရှုံးပွဲကိုယ်စီကြုံတွေ့ထားပြီး အမှတ်မရသေးကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ယခုရာသီမှစပြီး မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲအမည်ကို M League (Myanmar League) နဲ့ ပြိုင်ပွဲအမှတ်တံဆိပ်(Logo)ပြောင်းလဲလိုက်ပါတယ်။
ယခုရာသီ M League (Myanmar League) ပြိုင်ပွဲကို ပြီးခဲ့တဲ့သြဂုတ် (၂၈) ရက်မှစပြီး နှစ်ကျော့စနစ်ဖြင့် ကျင်းပနေလျက်ရှိပါတယ်။
Photo- M League