နည်းပြ ဂျီးဇက်စ်ဟာ ကတိစကားကို ဖောက်ဖျက်ခဲ့တယ်လို့ စီရော်နယ်လ်ဒို တုံ့ပြန်

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက လက်ရွေးစင်အသင်းနည်းပြ ဟော်ဟေဂျီးဇက်စ်ဟာ ကတိစကားကို ဖောက်ဖျက်ခဲ့တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းမှာ ဆက်လက်ကစားမယ့်အကြောင်း စာလုံးရေ ၂၀၀၀ နီးပါးပါဝင်တဲ့ ကြေညာချက်ကို ထုတ်ပြန်ရာမှာ ထည့်သွင်းရေးသားခဲ့တာဖြစ်တယ်။
၎င်းက ပေါ်တူဂီအသင်းရဲ့ အရေးယူမှုကို အလိုရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။
နည်းပြဖြစ်သူကို တောင်းပန်ခြင်းမရှိခဲ့ဘဲ ပေါ်တူဂီအသင်းဖော်တွေကို တောင်းပန်စကားဆိုခဲ့ပါတယ်။
စီရော်နယ်လ်ဒိုကို နော်ဝေ(ပထမအကျော့)၊ ဒိန်းမတ်ပွဲတွေမှာ အနားပေးမယ်လို့ ဂျီးဇက်စ်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ နော်ဝေနဲ့ကစားမယ့် ပွဲနေ့မှာ မိနစ် ၃၀ ကစားခွင့်ရမယ်လို့ နည်းပြဖြစ်သူက စီရော်နယ်လ်ဒိုကို အသိပေးခဲ့ပါတယ်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး စီရော်နယ်လ်ဒိုက ''ကျွန်တော့်ကို အနားပေးခဲ့တယ်ဆိုတာ လူတိုင်းသိပါတယ်။ ပထမပိုင်းပြီးချိန်မှာတောင် ကျွန်တော် သွေးပူလေ့ကျင့်ခန်း လုပ်နေခဲ့တယ်။ ပွဲကို စောင့်ကြည့်နေခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို
မခေါ်ခဲ့ပါဘူး။ မန်နေဂျာက ကျွန်တော့်ကို သူပြောခဲ့တဲ့စကားတွေကို ဖောက်ဖျက်ခဲ့ပါတယ်''လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဒိန်းမတ်နဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂျီးဇက်စ် ပြောခဲ့တာတွေက သီးသန့်ဆွေးနွေးမှု အကြောင်းအရာတွေဖြစ်လို့ စီရော်နယ်လ်ဒိုက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

image