အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် အဆင်အခြင်မဲ့ မောင်းနှင်ခဲ့လို့ ယာဉ်တိုက်လုနီးပါးဖြစ်ခဲ့

အင်္ဂလန်လက်ရွေးစင်နဲ့ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ဟာ သူ့ရဲ့ ပေါင် နှစ်သိန်းတန် Lamborghini ကားကို အဆင်အခြင်မဲ့ မောင်းနှင်ခဲ့လို့ အခြားကားနှစ်စီးနဲ့ တိုက်လုနီးပါး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်က ဧပြီလ ၁၄ ရက်မှာ ချက်ရှိုင်းယားရှိ Knutsford မြို့မှာ ဖြစ်ပွားခဲ့တာပါ။

ပစ်ဖို့ဒ်(၃၂ နှစ်)ဟာ လမ်းဦးစားပေးအချက်ပြဘုတ်ကို လျစ်လျူရှုခဲ့လို့ အခြားကားနှစ်စီးမှာ အလျင်အမြန် ဘရိတ်အုပ်ခဲ့ရပြီး ၎င်းမှာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးသွားလို့ ရဲတပ်ဖွဲ့က လိုက်လံတားဆီးခဲ့ရပါတယ်။

ဒါကြောင့် ပစ်ဖို့ဒ်ကို အဆင်အခြင်မဲ့ ယာဉ်မောင်းနှင်မှုအတွက် စွဲချက်တင်ခဲ့ပါတယ်။

ပစ်ဖို့ဒ်က စွဲချက်အတွက် အပြစ်ရှိတယ်လို့ ဝန်ခံထားပြီး နောက်ရုံးချိန်ကို Chester Magistrates' တရားရုံးမှာ ဒီဇင်ဘာလ ၇ ရက် ထပ်ချိန်းထားပါတယ်။

ပစ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းအတွက် ၉၂ ပွဲ၊ အဲဗာတန်အသင်းအတွက် ၃၃၆ ပွဲကစားထားတဲ့ ဝါရင့်ကစားသမားလည်း ဖြစ်ပါတယ်။

image