ယမားလ်ရဲ့ကစားချိန်တွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဒယ်လာဖွန်တေ ပြောကြား

စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖွန်တေက ဆယ်ကျော်သက်ကစားသမား ယမားလ်ရဲ့ကစားချိန်တွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ယမားလ်ဟာ အင်္ဂလန်၊ ခရိုအေးရှား၊ ချက်အသင်းတွေနဲ့ ကစားခဲ့တဲ့ Nations League သုံးပွဲမှာ လေးဂိုး သွင်းယူခဲ့ပါတယ်။

၎င်းဟာ စပိန်အသင်း အုပ်စုတွင်း ရာနှုန်းပြည့်နိုင်ပြီး ထိပ်ဆုံးရပ်တည်စေဖို့ အဓိကစွမ်းဆောင်ထားသူလည်းဖြစ်တယ်။

ယမားလ်(၁၉ နှစ်)ဟာ အခုရာသီအစမှာပဲ ကလပ်နဲ့ နိုင်ငံပွဲ ၁၁ ပွဲအထိ ပွဲထွက်ကစားခဲ့ရပါတယ်။

စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက ယမားလ်အပါအဝင် ကစားသမားအားလုံးရဲ့ ပွဲကစားချိန်မိနစ်တွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောခဲ့တာဖြစ်တယ်။

ယမားလ်ဟာ အင်္ဂလန်အသင်းနဲ့ပွဲမှာ မိနစ် ၉၀ ပြည့် ကစားခဲ့ပြီး ခရိုအေးရှားနဲ့ပွဲမှာ ၆၈ မိနစ်၊ ချက်နဲ့ပွဲမှာ ပထမပိုင်း ကစားခဲ့ပါတယ်။

image