မောင်မောင်လွင်နဲ့ ဟိန်းဖြိုးဝင်း ခွဲစိတ်ကုသဖို့
မလိုဘဲ လွင်မိုးအောင် ခွဲစိတ်ကုသရမယ်
မြန်မာ့လက်ရွေးစင် စီနီယာကစားသမားများဖြစ်တဲ့ မောင်မောင်လွင်၊ ဟိန်းဖြိုးဝင်းနဲ့ လွင်မိုးအောင်တို့ရဲ့ ဒဏ်ရာများကို MRI စစ်ဆေးမှုပြုလုပ်ပြီးနောက် မောင်မောင်လွင်နဲ့ ဟိန်းဖြိုးဝင်းတို့ရဲ့ ဒဏ်ရာများမှာ ခွဲစိတ်ကုသရန်မလိုအပ်ပဲ လွင်မိုးအောင်တစ်ယောက်သာ ခွဲစိတ်ကုသဖို့ လိုအပ်မှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ယင်းလက်ရွေးစင်ကစားသမား (၃) ဦးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံမှာ MRI ရိုက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ယခုအခါ စစ်ဆေးချက်များရဲ့ အဖြေအရ မောင်မောင်လွင်မှာ အပေါ့စားလေ့ကျင့်မှုများ ပြုလုပ်ရန်လိုအပ်မည်ဖြစ်ပြီး ဟိန်းဖြိုးဝင်းမှာမူ MFF Medical Team နဲ့ ဆက်လက်ကုသရန် လိုအပ်မှာဖြစ်ကြောင်း သိရပါတယ်။
ဒါပေမဲ့ လွင်မိုးအောင်ရဲ့ ဒဏ်ရာကိုတော့ ခွဲစိတ်ကုသဖို့ လိုအပ်မှာဖြစ်ပြီး ခွဲစိတ်ကုသပြီးပါကလည်း ကာလရှည် အနားယူရဖွယ်ရှိနေကြောင်း
သိရပါတယ်။
Photo- MFF