မော်လမြိုင်မြို့နယ်ရှိ KTV နှင့် Bar များအားညအချိန် ရှောင်တခင်ဝင်ရောက်စစ်ဆေး
ဧည့်စာရင်းမတိုင်သည့် ဆိုင်ဝန်ထမ်း(၄)ဦးကို အရေးယူ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ ရပ်ရွာအေးချမ်းသာ ယာရေးနှင့် ဥပဒေမဲ့လုပ်ဆောင်မှုများမရှိစေရေးအ တွက် မြို့နယ်အတွင်းရှိ Bar / Unplugged နှင့် KTV များကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များက အောက် တိုဘာ ၃ ရက်ည ၉ နာရီခွဲမှ ည ၁၁ နာရီခွဲအထိ ရှောင် တခင်ဝင်ရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ ကွင်းရပ်ရပ်ကွက်၊ ဈေးကြိုရပ်ကွက်နှင့် သီရိမြိုင်ရပ်ကွက်များအတွင်း ဖွင့်လှစ်ထားသည့်ဆိုင်များကို ရှောင်တခင်ဝင်ရောက်စစ် ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆိုင်များမှာ သက်ဆိုင်ရာ ယစ်မျိုးလိုင်စင်အ မျိုးအစား၊ ပိုင်ရှင်အမည်နှင့် တည်နေရာလိပ်စာများ မှန်ကန်မှုရှိပြီး သတ်မှတ်ချိန် ည ၁၁ နာရီထက်ကျော်လွန်ဖွင့်လှစ်ရောင်းချမှုမရှိခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိကြောင်း သိရသည်။
ထိုသို့ မှန်ကန်မှုများရှိသော်လည်း ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိသည့် ဆိုင်ဝန်ထမ်း(၄)ဦးကို တွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်နိုင်ရန် မော်လမြိုင်မြို့မရဲစ ခန်းသို့လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။