UNODC အပါအဝင် နိုင်ငံတကာမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်လိုအပ်

နိုင်ငံတော်အစိုးရက အမျိုးသားရေးတာဝန်အဖြစ်တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက်စဉ်ဆက်မပြတ်ဆောင်ရွက်နေ

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)အပါအဝင် နိုင်ငံတကာမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်လိုအပ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောသည်။

နိုင်ငံတော်သမ္မတ က ယနေ့ အောက်တိုဘာ ၁ ရက်တွင်ကျရောက်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား၌ မိန့်ခွန်းပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(INC၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှု ခင်းဆိုင်ရာရုံး(UNODC)၊ အမေရိကန်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့(DEA)တို့အပြင် အိမ်နီးချင်းနိုင်ငံများ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ထိန်းချုပ်အဖွဲ့များနှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်ရန်လိုသည်ဟု ပြောသည်။

" နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်အဖြစ်ရှုမြင်ပြီး ထုတ်လုပ်မှုနဲ့ တရားမဝင်ရောင်းဝယ်မှုတားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ်ဆောင်ရွက်နေပါတယ်။ အထူးစစ်ဆင် ရေး(၄၁)ကြိမ်ဆောင်ရွက်ခဲ့ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ပြင် ယခုနှစ် ဇွန် ၂၆ ရက်ကကျရောက်ခဲ့သော အ ပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၌ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် မြန်မာငွေကျပ်(၂,၂၀၉)ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၆၀၃ သန်းကျော်) တန်ဖိုးရှိ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကိုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ပြောသည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိဆောင်ရွက်နေသော မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက် "Operation 42"ကိုလည်း အောင်မြင်အောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image