ကစားဖော် ယာဉ်မတော်တဆဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ယင်းနေရာမှာပင် ဒုတိယမြောက်ဟားလ်စီးတီးကစားသမား ယာဉ်တိမ်းမှောက်မှုဖြစ်

ဒုတိယမြောက်ဟားလ်စီးတီးသမားတစ်ဦးဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက ကစားဖော်တစ်ဦး ယာဉ်တိမ်းမှောက်မှု ဖြစ်ပျက်တဲ့ လေ့ကျင့်ရေးကွင်းအနီး တစ်နေရာတည်းတွပင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပျက်လာပါတယ်။

ပြီးခဲ့တဲ့လတုန်းက ဆော်ဘာသောမတ်စ်ရဲ့ ယာဉ် ဂျွမ်းထိုးပက်လက်လန်ခဲ့ပြီးနောက် ယခု ကစားဖော်လူကပ်စ်ဂေါ်နာဒူအက်မှာလည်း ယာဉ်တိမ်းမှောက်မှု ဖြစ်လာတာပါ။

အထက်ပါ ယာဉ်မတော်တဆမှုနှစ်ခုလုံးမှာ ဟားလ်၊ ကော့တင်ဟမ်ရှိ ဟားလ်ရဲ့ လေ့ကျင့်ရေးကွင်းအနီး မေးလ်ဟောက်စ်ဝုဒ်လိန်းတွင် ဖြစ်ပျက်ခဲ့တာပါ။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက ဆော်ဘာရဲ့ ပေါင် ၆၀၀၀၀ တန် Land Rover Defender ဟာ ယင်းနေရာနားတွင်ပင် တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး ကံကောင်းထောက်မစွာ ဒဏ်ရာတစုံတရာ ရရှိခဲ့ခြင်း မရှိပါဘူး။

ယခု ဂေါ်နာဒူအတ်မှာလည်း ယင်းနေရာအနီးတွင်ပင် မာစီးဒီးစ်ကားဖြင့် လမ်းမပေါ်တွင် ဘေးတစောင်းလဲနေခဲတာ တွေ့ရပါတယ်။

ဆိုရှယ်မီဒီယာတွင် ထွက်ပေါ်လာတဲ့ ဓာတ်ပုံအရ အခင်းဖြစ်ပွားရှိအနီးသို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး လာရောက်ကြည့်ရှုမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

ဟမ်ဘာဆိုက်ရဲတပ်ဖွဲ့က ယင်းမတော်တဆမှုကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း အတည်ပြုသွားပါတယ်။

ယခု အခင်းဖြစ်ပွားရာ နေရာမှာ ကလပ်ရဲ့ ကော့တင်ဟမ်လေ့ကျင့်ရေးကွင်းနှင့် ခဲတစ်ပစ်အကွာအဝေးတွင်ပင် ရှိတာပါ။

image