အစိုးရတစ်ရပ်လုံးအတိုင်းအတာဖြင့် Digital Government ကူးပြောင်းနိုင်ရေးဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစော မှာကြား
အစိုးရတစ်ရပ်လုံးအတိုင်းအတာဖြင့် Digital Government ကူးပြောင်းနိုင်ရေးဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောက ယနေ့ စက်တင်ဘာ ၂၉ ရက်တွင်ကျင်းပသည့် e-Government ဦးဆောင်ကော်မတီညှိနှိုင်းအစည်းအဝေး၌ မှာကြားသည်။
နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်များကို ပိုမိုထိရောက်ကျယ်ပြန့်စွာအကောင်အထည်ဖော်ပြီး အစိုး ရတစ်ရပ်လုံးအတိုင်းအတာဖြင့် Digital Government သို့ကူးပြောင်းနိုင်ရေးဆောင်ရွက်ရမည့်ကိစ္စများ၊ လုပ်ငန်းစဉ်များအောင်မြင်စေရန် အစိုးရကဏ္ဍတစ်ခုတည်းကဆောင်ရွက်ရုံမက ပုဂ္ဂလိကကဏ္ဍ၊ နည်းပညာကျွမ်းကျင်သူများနှင့် ပူးပေါင်းပါဝင်သည့် Public-Private Partnership (PPP) မူဘောင်များဖော်ဆောင်ရေးတို့ကို မှာကြားသည်။
Single Window နှင့် One-Stop Digital Services Platform များဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး၊ သတင်းအချက်အလက်လုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ၊ အမျိုးသားအဆင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ၂၀၃၀ နှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးတို့ကိုလည်း မှာကြားသည်။
ပြည်သူများယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည့် e-Government မှသည် Digital Government တစ်ရပ် တည်ဆောက်ရေးအတွက် ဌာနများ၊ အဖွဲ့အစည်းများအားလုံးစနစ်တကျဟန်ချက်ညီပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။