FIFA အဖွဲ့ဝင်နိုင်ငံတွေထံ ငွေကြေးပိုမိုထောက်ပံ့သွားမယ်လို့ အင်ဖန်တီနို ကတိပြု

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ အင်ဖန်တီနိုက FIFA အဖွဲ့ဝင်နိုင်ငံတွေထံ ငွေကြေးပိုမိုထောက်ပံ့သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

FIFA အရန်ငွေ ပေါင် ၄.၄ ဘီလျံထဲကနေ အဖွဲ့ဝင်နိုင်ငံတွေကို ထောက်ပံ့မှုပမာဏ တိုးမြှင့်ပေးဖို့ စီစဉ်လာခဲ့တာဖြစ်တယ်။

FIFA ဟာ ဒီကိစ္စကို တိုက်ကြီးခြောက်တိုက်ရှိ ဘောလုံးအဖွဲ့ချုပ်တွေထံ တနင်္လာနေ့က စာရေးသားပေးပို့ခဲ့တာပါ။

FIFA ရဲ့စာထဲမှာ ထပ်ဆောင်းရန်ပုံတွေ အမြောက်အမြားကို တာဝန်သိစိတ်နဲ့ ထောက်ပံပေးသွားမယ်လို့ ရေးသားထားကြောင်း BBC Sport က ဖော်ပြခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်နဲ့ ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ်တို့က FIFA အနေနဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံစီကို ဒေါ်လာ ၁၀ သန်းစီ ပေးအပ်ဖို့ တရားဝင်တောင်းဆိုပြီးနောက် အခုစာ ပေးပို့လာတာဖြစ်တယ်။

ယင်းအဆိုပြုချက်ကို လာမယ့် အောက်တိုဘာလ ၁၅ ရက်မှာပြုလုပ်မယ့် FIFAကောင်စီအစည်းအဝေးမှာ စဉ်းစားဆုံးဖြတ်မှာဖြစ်ပါတယ်။

image