ဒဏ်ရာရရှိခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ အသင်းလူစာရင်းက နုတ်ထွက်
ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် အမ်ဘာပေဟာ တူရကီကို ၁-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့လို့ အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။
၅၄ မိနစ်မှာ အမ်ဘာပေဟာ အနိုင်ဂိုးကို တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းရင်း ဒဏ်ရာရခဲ့တာပါ။
အမ်ဘာပေအနေနဲ့ ဂိုးသွင်းပြီးနောက် နာကျင်မှုဝေဒနာ ခံစားရလို့ မြက်ခင်းပေါ် ထိုင်ချခဲ့ပြီး သူ့ရဲ့ဘက်ဘက်ဒူးကို ပွတ်သပ်ရင်း မျက်နှာရှုံ့မဲ့နေခဲ့ပါတယ်။
ကနဦးကုသမှု ခံယူပြီးနောက် ကွင်းထဲပြန်ဝင်လာပေမဲ့ ချက်ချင်းလဲကျကာ လူစားလဲခံရပါတယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က အမ်ဘာပေအနေနဲ့ အရွတ်ဒဏ်ရာ ရခဲ့ပြီး အသင်းလေ့ကျင့်ရေးစခန်းကနေ ထွက်ခွာသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
ပြင်သစ်အသင်းနဲ့ ပွဲဦးထွက်ခဲ့တဲ့ နည်းပြသစ် ဇီဒန်းကတော့ အမ်ဘာပေရဲ့ဒဏ်ရာအခြေအနေဟာ အားရစရာ သိပ်မရှိဘူးလို့ ပြောခဲ့ပါတယ်။
အမ်ဘာပေဟာ အခုသွင်းဂိုးနဲ့အတူ ပြင်သစ်အသင်းအတွက် ၆၇ ဂိုးအထိ ရှိလာခဲ့ပါတယ်။