မနက်ဖြန် ယှဉ်ပြိုင်မည့် ကမ္ဘောဒီးယားနှင့် အုပ်စုအဆုံးအဖြတ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်

မြန်မာ့လက်ရွေးစင်အသင်းသည် FIFA ASEAN Cup 2026 Division 2 ပြိုင်ပွဲ အုပ်စုအဆုံးအဖြတ်ပွဲစဉ်အဖြစ် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာအသင်းသည် အဖွင့်ပွဲစဉ်တွင် တီမောလက်စ်တေနိုင်ငံအသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိထားပြီး ဝင်းနိုင်ထွန်းက ပွဲချိန် ၁၉ မိနစ်နှင့် အသင်းခေါင်းဆောင် သန်းပိုင်က ပွဲချိန် ၇၅ မိနစ်တွင် ဂိုးများ သွင်းယူပေးခဲ့သည်။

ထို့ကြောင့် မြန်မာအသင်းသည် အုပ်စုတွင်း ၃ မှတ် ရရှိထားပြီး ကမ္ဘောဒီးယားအသင်းနှင့် ပွဲစဉ်သည် အုပ်စုအဆင့် အဆုံးအဖြတ်ပွဲစဉ် ဖြစ်လာမည်ဖြစ်သည်။

မြန်မာနှင့် ကမ္ဘောဒီးယားအသင်းတို့၏ ပွဲစဉ်ကို စက်တင်ဘာ ၂၇ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဟောင်ကောင်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

image