ဂါနာချိုကို အငှားနဲ့ခေါ်ယူဖို့ လာလီဂါကလပ်အသင်းတွေ စိတ်ဝင်စားနေ
လာလီဂါကလပ်အသင်းတွေဟာ အက်စတွန်ဗီလာအသင်းမှာ နေရာမရဖြစ်နေတဲ့ အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ဂါနာချို(၂၂ နှစ်)ဟာ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဖြစ်ပေမဲ့ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး လူငယ်ကစားသမားဘဝကို ဂီတာဖေးနဲ့ အက်သလက်တီကိုအသင်းတွေမှာ ဖြတ်သန်းခဲ့သူပါ။
၂၀၂၀ ခုနှစ်မှာ မန်ယူအသင်းက ပေါင်(၄၀၀၀၀၀)ဝန်းကျင်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၅ နွေရာသီမှာ ချယ်လ်ဆီးအသင်းဆီ ပေါင်သန်း(၄၀)နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ချယ်လ်ဆီးအသင်းအတွက် တစ်ရာသီသာ ကစားခဲ့ရပြီးနောက် ဒီနှစ် နွေရာသီမှာ အက်စတွန်ဗီလာအသင်းဆီ အငှားချခံခဲ့ရပါတယ်။
အက်စတွန်ဗီလာအသင်းက ဂါနာချိုကို ပေါင်(၄၃)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီမှုလည်း ရယူထားခဲ့ပေမဲ့ နည်းပြ အူနိုင်းအမ်မရီက လူစားဝင်ကစားသမားအဖြစ်သာ အသုံးပြုနေပါတယ်။
ဒါ့အပြင် နောက်ဆုံး(၄)ပွဲဆက်တိုက် အရန်ခုံထိုင်ခဲ့ရပြီး ပွဲကစားခွင့်မရခဲ့တာကြောင့် ဂါနာချိုက အက်စတွန်ဗီလာအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက ဂါနာချိုကို အပြီးသတ်ရောင်းထုတ်လိုခြင်းမရှိတာကြောင့် ဇန်နဝါရီစျေးကွက်မှာ လာလီဂါကလပ်အသင်းတွေဆီ အငှားချဖွယ်ရှိနေကြောင်း သိရပါတယ်။