3 ရက် - ဘာသာပြန်ပါ။

UFC ရဲ့ လက်ရှိအကောင်းဆုံးကစားသမားစာရင်း (Pound For Pound - P4P) မှာ ဂျိုရှုအာဗန်အဆင့် (၆) အထိ ရောက်ရှိလာ

UFC ရဲ့ လက်ရှိ အကောင်းဆုံးကစားသမားစာရင်း (Pound For Pound - P4P) မှာ ချင်းတိုင်းရင်သား မြန်မာဖိုက်တာ ဂျိုရှုအာဗန်ဟာ အဆင့် (၆) အထိ ရောက်ရှိလာကြောင်း သိရပါတယ်။

ကမ္ဘာ့နံပါတ် (၁) MMA ပရိုမိုးရှင်းတစ်ခုဖြစ်တဲ့ UFC ရဲ့ ဖော်ပြမှုအရ ချင်းတိုင်းရင်သား မြန်မာဖိုက်တာ ဂျိုရှုအာဗန်က UFC ရဲ့ လက်ရှိ အကောင်းဆုံးကစားသမားစာရင်း (Pound For Pound - P4P) မှာ အဆင့် (၆) အထိရောက်ရှိလာတာပါ။ UFC ရဲ့ ဖော်ပြမှုအရ အဆင့် (၁) နေရာမှာ ရုရှားဖိုက်တာ အစ္စလမ်မာကာရှက်ဖ်၊ အဆင့် (၂) နေရာမှာ သြစတြေးလျဖိုက်တာ အလက်ဇန္ဒားဗိုဒါနော့ဗ်စကီး၊ အဆင့် (၃) နေရာမှာ အမေရိကတ်ဖိုက်တာ ဂျက်စတင်ဂီးတက်ရှ်၊ အဆင့် (၄) နေရာမှာ ရုရှားဖိုက်တာ ပီတာယန်၊ အဆင့် (၅) နေရာမှာ ဂျော်ဂျီယာဖိုက်တာ အီလီယာတိုပူရာ၊ အဆင့် (၆) နေရာမှာ ချင်းတိုင်းရင်သား မြန်မာဖိုက်တာ ဂျိုရှုအာဗန်တို့ သတ်မှတ်ခံခဲ့ရကြောင်း သိရပါတယ်။

ယခုကဲ့သို့ သတ်မှတ်မှုမှာ UFC ရဲ့ အမျိုးသားဝိတ်တန်းအားလုံးမှ ဖိုက်တာများကို ခြုံငုံပြီး သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ချင်းတိုင်းရင်သား မြန်မာဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC -331 ပြိုင်ပွဲမှာ ဘရာဇီးလ်ဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာကို အမှတ်နဲ့အနိုင်ရပြီး ဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်ကို ဒုတိယအကြိမ် ကာကွယ်နိုင်ခဲ့ပါတယ်။ ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်နဲ့ ဘရာဇီးလ်ဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာတို့ရဲ့ မကျေပွဲကို စက်တင်ဘာ ၂၀ ရက်က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်နဲ့ ဘရာဇီးလ်ဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာတို့ရဲ့ မကျေပွဲကို Main Event (အဓိကခေါင်ပွဲ) အဖြစ် ထည့်သွင်းကျင်းပခဲ့ပါတယ်။ ဂျိုရှုအာဗန်ဟာ Significant Striking (သိသာထင်ရှားသည့် တိုက်ခိုက်မှုများ)မှာ ပထမအချီမှာသာ ပန်တိုဂျာထက် နိမ့်ခဲ့ပြီး ကျန်အချီ (၄) ချီစလုံး ပန်တိုဂျာကို အသာစီးရယူနိုင်ခဲ့ပါတယ်။ (၅) ချီအပြီး အမှတ်ပေးရာမှာ ဒိုင် (၃) ဦးစလုံးက (၄၉-၄၆၊ ၄၈- ၄၇၊ ၅၀- ၄၅) မှတ်နဲ့ ဂျိုရှုအာဗန်ကို အနိုင်ပေးခဲ့ပါတယ်။

image