ဘရိုက်တန်နည်းပြ ဟာ့ဇ်လာကို မန်ယူဘုတ်အဖွဲ့ စိတ်ဝင်စားနေ

မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့ဟာ ဘရိုက်တန်နည်းပြ ဟာ့ဇ်လာကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။

မန်ယူအသင်းရဲ့ လက်ရှိနည်းပြ ကာရစ်က ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းမွန်ခြင်းမရှိတာကြောင့် တကယ်လို့ ကာရစ်ကို ရာထူးက ထုတ်ပယ်ခဲ့ရမယ်ဆိုရင် အစားထိုးခန့်အပ်ဖို့အတွက် ဟာ့ဇ်လာကို စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရပါတယ်။

အသက်(၃၃)နှစ်သာရှိသေးတဲ့ ဂျာမန်နည်းပြ ဟာ့ဇ်လာက ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်ပြီး ဘရိုက်တန်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။

ဟာ့ဇ်လာက ဘရိုက်တန်အသင်းကို ပထမဆုံးကိုင်တွယ်တဲ့ ၂၀၂၄-၂၅ ရာသီနဲ့ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ အဆင့်(၈)နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒီရာသီ ပွဲစဉ်(၅)ပွဲ ယှဉ်ပြိုင်ကစားအပြီးမှာ အမှတ်ပေးဇယားတတိယနေရာ ရောက်ရှိနေပါတယ်။

လိဂ်ဖလားတတိယအဆင့်မှာ မန်ယူကို အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၅)မှာ လက်ရှိချန်ပီယံ အာဆင်နယ်ကို (၃-၀)ဂိးနဲ့ အနိုင်ယူခဲ့တာကြောင့် ချီးကျူးမှုတွေ ရရှိနေတဲ့နည်းပြလည်း ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ကင်းထောက်ချုပ်ဟောင်းဖြစ်တဲ့ မစ်ခ်ဘရောင်းက ဟာ့ဇ်လာဟာ ကာရစ်နေရာကို အစားထိုးဖို့ သင့်လျော်တဲ့နည်းပြဖြစ်ကြောင်းနဲ့ နည်းပြသစ် လိုအပ်တဲ့ ကလပ်အသင်းတိုင်းအတွက် ဟာ့ဇ်လာက ထည့်သွင်းစဉ်းစားရမယ့်သူဖြစ်ကြောင်း မှတ်ချက်ပေးထားပါတယ်။

image