တပ်မတော်သား ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ ယောက်အစားထိုး ပြောင်းလဲ
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦး နှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ငါးဦးကို အစားထိုးပြောင်းလဲကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးကို အမည်စာရင်း ပြောင်းလဲလိုကြောင်း ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး အစားထိုးပြောင်းလဲလိုက်ခြင်းဖြစ်သည်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးမှာ ကြည်း ၃၃၄၆၆ ဗိုလ်မှူးချုပ်ဉာဏ်သိန်းဦး (အစား) ကြည်း ၃၅၄၂၈ ဗိုလ်မှူးကြီး သူရိန်ဟန်၊ ကြည်း ၂၀၆၃၈ ဗိုလ်မှူးကြီး အောင်ကျော်ဦး (အစား) ကြည်း ၂၇၂၁၃ ဗိုလ်မှူးကြီး စိုးထွန်း၊ ကြည်း ၂၃၃၅၃ ဗိုလ်မှူးချုပ် ဝင်းကိုကို (အစား) ကြည်း ၂၈၂၇၄ ဗိုလ်မှူးကြီး သိန်းလွင်၊ ကြည်း ၂၃၆၇၆ ဗိုလ်မှူးချုပ်ဒေါ်စိုးစိုးခိုင် (အစား) အင်န် ၆၅၉ ဒုတိယဗိုလ်မှူးကြီး ဒေါ်ဉမ္မာမြင့်၊ ကြည်း ၂၃၆၇၅ ဒုတိယ ဗိုလ်မှူးကြီး ဒေါ်ခင်ဉမ္မာကြိုင်(အစား) အင်န် ၈၃၁ ဗိုလ်မှူးဒေါ်အေးအေးမွန်၊ ကြည်း ၂၅၅၁၅ ဒုတိယဗိုလ်မှူးကြီးဒေါ်ခိုင်ခိုင်စု (အစား) အင်န် ၈၂၄ ဗိုလ်မှူး ဒေါ်အေးသက်သက်ခိုင်၊ အင်န် ၆၃၇ ဗိုလ်မှူး ဒေါ်ခင်သူဇာ (အစား)အင်န် ၇၀၇ ဗိုလ်မှူးဒေါ်သီတာလွင်တို့ဖြစ်သည်။
ထို့အတူ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ငါးဦးကို အမည်စာရင်းပြောင်းလဲလိုကြောင်း အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး အစားထိုးပြောင်းလဲလိုက်ခြင်းဖြစ်သည်။
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ငါးဦးမှာ ကြည်း ၂၀၈၃၄ ဗိုလ်မှူးချုပ် ဝင်းကိုကို (အစား) ကြည်း ၂၅၀၆၅ ဗိုလ်မှူးကြီး ခင်မောင်စိုး၊ လေ ၁၉၆၂ ဗိုလ်မှူးချုပ် မြင့်သောင်း (အစား) လေ ၂၂၁၄ ဗိုလ်မှူးကြီး ဇော်ဇော်ထွန်း၊ ကြည်း ၃၄၇၁၁ ဗိုလ်မှူး တင့်လွင်အေး (အစား) ကြည်း ၅၅၃၉၈ ဗိုလ်မှူးဇင်ကိုဝင်း ၊ ကြည်း ၃၆၅၁၈ ဗိုလ်မှူးဇေယျာဝင်း(အစား) ကြည်း ၂၈၆၅၄ ဗိုလ်မှူးဇော်မင်းသိန်း၊ ကြည်း ၅၂၇၈၉ ဗိုလ်မှူးကျော်ဇင်ဝင်း (အစား) ကြည်း ၅၄၉၃၅ ဗိုလ်မှူးနိုင်ဝင်းတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။