ဂျေးဇူး၊ မာတင်နယ်လီတို့ အသင်းက ထွက်ခွာသွားမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုများကို အံ့အားသင့်မိတယ်လို့ အာတေတာ မှတ်ချက်ပြု
အာဆင်နယ်အသင်းနည်းပြ အာတေတာက ဂျေးဇူး၊ မာတင်နယ်လီတို့ အသင်းက ထွက်ခွာသွားမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုများကို အံ့အားသင့်မိတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဂျေးဇူးက ဒေါ်လာ ၁၇ သန်းနဲ့ ဘာစီလိုနာ၊ မာတင်နယ်လီက ဒေါ်လာ သန်း ၈၀ ဝန်းကျင်နဲ့ အယ်လ်ဟီလာအသင်းတွေထံ ပြောင်းရွှေ့ခဲ့တာပါ။
ဘာစီလိုနာအသင်းကို မပြောင်းရွှေ့ခင် ဂျေးဇူးက ပထမအသင်းနဲ့ ဘာကြောင့် လေ့ကျင့်ခွင့်မရတဲ့အကြောင်းကို ဘယ်သူမှ မိမိကို မပြောခဲ့ဘူးလို့ ဖွင့်ဟခဲ့ဖူးပါတယ်။
အာဆင်နယ်တိုက်စစ်မှူးဟောင်း အီယန်ရိုက်က မာတင်နယ်လီ အသင်းမပြောင်းခင် အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့တာကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။
အာတေတာက တူရကီကလပ် ဘက်ဆစ်တက်ထံ ဒေါ်လာ ၂၁ သန်းနဲ့ ပြောင်းရွှေ့သွားတဲ့ ထရိုဆတ်ဒ်ရဲ့အခြေအနေနဲ့ နှိုင်းယှဉ်ပြီးလည်း ပြောခဲ့ပါတယ်။
ထရိုဆတ်ဒ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အဲမရိတ်စ်ကွင်းထဲ ပြန်ရောက်လာပြီး ချယ်လ်ဆီးနဲ့ပွဲကို ကြည့်ရှုခဲ့ပါတယ်။