ခံစစ်မကူနိုင်မှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို အမ်ဘာပေ တုံ့ပြန်
ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေက ခံစစ်မကူနိုင်မှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်ဟာ ကွင်းထဲမှာ ကောင်းကောင်းစွမ်းဆောင်နိုင်တာတွေထက် သူမလုပ်တဲ့အရာကို အာရုံစိုက်ပစ်မှတ်ထားနေတယ်လို့လည်း ယုံကြည်နေပါတယ်။
''ကျွန်တော် ဂိုးမသွင်းနိုင်ရင် လူတွေက ဘာကြောင့် ဂိုးမသွင်းနိုင်ဘူးဆိုတာ မေးခွန်းထုတ်လိမ့်မယ်။ ကျွန်တော့်အနေနဲ့ ဘာတွေစွမ်းဆောင်နိုင်သလဲဆိုတာကို လူတိုင်းက နှစ်ကာလကြာရှည်စွာ သိပြီးသားပါ။ ပြီးတော့ ဒီနေရာမှာ
လူ့သဘာဝဖြစ်စဉ်ဆိုတဲ့အချက် ပါဝင်လာတယ်လို့ ထင်ပါတယ်။ ဒါက တစ်စုံတစ်ယောက် မလုပ်နိုင်တဲ့အရာကို အမြဲအာရုံစိုက်ကြတာ လူ့သဘာဝါပဲ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ စိတ်ထဲမထားပါဘူး''လို့
အမ်ဘာပေက ပြောခဲ့ပါတယ်။
အမ်ဘာပေဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ ၃၁ ပွဲကစား ၂၅ ဂိုးနဲ့ ဂိုးသွင်းဘုရင် ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ဂိုးအများဆုံးအဖြစ် ၂၂ ဂိုး သွင်းထားပြီး ယင်းပြိုင်ပွဲကာလအတွင်း ပြင်သစ်အသင်းရဲ့ဂိုးအများဆုံး ဖြစ်ခဲ့ကာ ၆၆ ဂိုးအထိ သွင်းယူထားပါတယ်။
အခုရာသီမှာလည်း ရီးယဲလ်အသင်းအတွက် ငါးပွဲကစား ငါးဂိုးသွင်းထားပြီးဖြစ်ပါတယ်။