ရာသီကုန်အပန်းဖြေခရီးစဉ်တွင် ကစားဖော်အား အဆိပ်ခတ်လုပ်ကြံမှုဖြင့် ဘောလုံးသမားတစ်ဦး ဖမ်းဆီးခံရ
===================

အသက် ၃၅ နှစ်အရွယ်ရှိ ဘောလုံးသမားတစ်ဦးဟာ ရာသီကုန် အပန်းဖြေခရီးစဉ်တွင် ကစားဖော်တစ်ဦးကို အဆိပ်ခတ်လုပ်ကြံတယ်လို့ သံသယဝင်ခြင်းခံရကာ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့တုန်းက မာရီယပ်စ်လို့ အမည်ရတဲ့ ဘောလုံးသမားတစ်ဦးဟာ အသင်းရဲ့ အပန်းဖြေခရီးစဉ်တစ်ခုတွင် ကစားဖော်အား အစာအဆိပ်သင့်အောင် ရည်ရွယ်ချက်ရှိရှိ ကြံစည်လုပ်ဆောင်မှုဖြင့် ဖမ်းဆီးခြင်းခံခဲ့ရတာပါ။
ဂျာမန်ကလပ် TuS Rockenberg အသင်းရဲ့ ရာသီအကုန် အပန်းဖြေခရီးအဖြစ် ဂျာမနီနိုင်ငံ၊ ဒရက်စ်ဒန်သို့ အပန်းဖြေခရီးစဉ်အတွင်း အထက်ပါ မတော်တဆမှု ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းခရီးစဉ်အတွင်းတွင် ဖီးလစ်အမည်ရှိ ကစားသမားတစ်ဦးဟာ ချက်ချင်းဆိုသလို နေထိုင်မကောင်းဖြစ်လာခဲကာ နေအိမ်ပြန်ခဲ့ရပါတယ်။ အိမ်သို့ ရောက်ချိန်တွင် အခြေအနေ ပိုမိုဆိုးရွားလာပြီး အရေးပေါ်ကားခေါ်ကာ ဆေးရုံတက်ခဲ့ရပါတယ်။
သူဟာ ဆေးရုံတက်ခဲ့ရပြီး ရက်အနည်းငယ်အကြာ ၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ အသက် ၃၀ နှစ်အရွယ်မှာပဲ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး သူ့သေဆုံးမှုအား ဆေးဘက်ဆိုင်ရာပရော်ဖက်ရှင်နယ်များက စစ်ဆေးမှု ပြုလုပ်ခဲ့ကြပါတယ်။
သေဆုံးသူရဲ့မိသားစုဝင်များက ခရီးစဉ်အတွင်း အသင်းက ကျွေးတဲ့ ငါးကို စားရာမှာ အစာအဆိပ်သင့်တာလို့ ယုံကြည်နေကြပါတယ်။
ဒါပေမယ့် နောက်ပိုင်း စုံစမ်းစစ်ဆေးမှုများအရ ဖီးလစ်မှာ အဆိပ်သင့်မှု ဖြစ်ပြီးနောက် အင်္ဂါအစိတ်အပိုင်းများ ပျက်စီးကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။
စုံစမ်းစစ်ဆေးမှုများအရ အဆိပ်သင့်အောင် မာရီယပ်စ်က ကြံစည်လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်များက သံသယဝင်နေကြပါတယ်။
မာရီယပ်စ်ဟာ အမှုအား စုံစမ်းစစ်ဆေးမှု ဆက်လက် ပြုလုပ်နေစဉ်အတွင်း အကျဉ်းကျခံနေရပါတယ်။
လက်ရှိအချိန်တွင် မာရီယပ်စ်ကို သံသယဝင်ခံရသူအဖြစ်သာ သတ်မှတ်ထားတာ ဖြစ်ပြီး တရားခံအဖြစ် သတ်မှတ်ထားခြင်းတော့ မရှိသေးပါဘူး။

image