၁၇ နှစ်ကြာ လက်တွဲလာတဲ့ Standard Chartered နှင့် လမ်းခွဲကာ Turkish Airlines နှင့် ပေါင်သန်း ၃၀၀ တန်စပွန်ဆာစာချုပ်ချုပ်ဆိုလာတဲ့ လီဗာပူး
လီဗာပူးက အင်္ကျီရင်ဘတ်စပွန်ဆာရှင်သစ်အဖြစ် Turkish Airlines နှင့် ပေါင်သန်း ၃၀၀ တန် စပွန်ဆာစာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
လီဗာပူးဟာ ကာလရှည်လက်တွဲလာခဲ့တဲ့ Standard Chartered နှင့် လမ်းခွဲလာမှာ ဖြစ်ပေမယ့်လည်း Turkish Airlines နှင့် လက်တွဲလာမှုနှင့်အတူ ဥရောပထိပ်တန်း ဝင်ငွေအများဆုံးရကလပ်များထဲမှ တစ်ခုအဖြစ် ဆက်လက် ရပ်တည်လာဦးမှာ ဖြစ်ပါတယ်။
လီဗာပူးဟာ ယခုရာသီအကုန်တွင် Standard Chartered နှင့် လမ်းခွဲလာမှာ ဖြစ်ပြီး ၂၀၂၇-၂၈ ရာသီမှ စတင်ကာ Turkish Airlines နှင့် လက်တွဲလာပါမယ်။
လီဗာပူးဟာ Turkish Airlines နှင့် တစ်နှစ်လျှင် ပေါင်သန်း ၆၀ ကျော်တန်ကြေးရှိ ၅ နှစ်သက်တမ်းရှိ အင်္ကျီရင်ဘတ်စပွန်ဆာစာချုပ်ချုပ်ဆိုလာတာပါ။
လန်ဒန်အခြေစိုက်ဘဏ် Standard Chartered ဟာ လီဗာပူးနှင့် ၂၀၁၀ ခုနှစ်ကတည်းက လက်တွဲလာတာ ဖြစ်ပြီး ကလပ်ရဲ့ အင်္ကျီရင်ဘတ်စပွန်ဆာရှင်အဖြစ် ဆက်ရှိလာမှာ မဟုတ်ပေမယ့်လည်း တစ်ကမ္ဘာလုံးဆိုင်ရာပါတနာအဖြစ် ဆက်လက် လက်တွဲ အလုပ်လုပ်နေဦးမှာ ဖြစ်ပါတယ်။
Standard Chartered ဟာ ၂၀၂၇ ခုနှစ် ဇွန်လမှ စတင်ကာ လီဗာပူးရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာပါတနာအဖြစ် ဆက်ရှိလာပါမယ်။
Turkish Airlines ဟာ ယခင်တုန်းက ယခင်တုန်းက ဥရောပထိပ်သီးကလပ်များဖြစ်ကြတဲ့ ဘာစီလိုနာ၊ ဒေါ့မွန်တို့အား စပွန်ဆာပေးခဲ့ဖူးပါသေးတယ်။