ဘက်တစ်အသင်းကို ရှုံးနိမ့်မှုနဲ့ပတ်သက်ပြီး ရှင်းမပြနိုင်ကြောင်း မော်ရင်ဟို မှတ်ချက်ပြု

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ မော်ရင်ဟိုက ဘက်တစ်အသင်းကို ဝ-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပေါ် ရှင်းမပြနိုင်ကြောင်း ပြောခဲ့ပါတယ်။
မော်ရင်ဟိုရဲ့လာလီဂါတစ်ကျော့ပြန်ခရီးမှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်တယ်။
ရီးယဲလ်အသင်းဟာ ၈၁ မိနစ်မှာ အနိုင်ဂိုးပေးလိုက်ရပြီး နာကျင်အချိန်ပိုမှာ ပယ်နယ်တီရပေမဲ့ အမ်ဘာပေ ကန်ချက်ကို ဘက်တစ်ဂိုးသမား ဗဲလက်စ် ကာကွယ်ခဲ့ပါတယ်။
''တစ်ခါတစ်ရံမှာ ဘာကြောင့်ရှုံးနိမ့်တယ်ဆိုတာ မသိနိုင်ပါဘူး။ ပြီးတော့ ဒါကို ဘယ်လိုရှင်းပြရမလဲလည်း မသိပါဘူး။ ကျွန်တော်တို့ များစွာလွှမ်းမိုးထားပြီး အာရုံစိုက်ခဲ့တယ်။ အရာရာတိုင်းကိုလည်း တကယ်ထိန်းချုပ်ထားခဲ့တယ်။
တိုက်စစ်ဆင်မှု များစွာရှိပြီး အခွင့်အရေးတွေလည်း များစွာရခဲ့ပါတယ်။ ဒီပွဲက သရေပွဲဆိုရင်တောင် ကျွန်တော်တို့ စိတ်ပျက်မိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒီထက် ပိုထိုက်တန်လို့ပါပဲ။ ဒါကြောင့် ရှုံးနိမ့်မှုနဲ့ဆိုတော့
တွေးကြည့်ပေါ့''လို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။
ရီးယဲလ်အသင်းဟာ အခုပွဲမှာ shots on target ရှစ်ကြိမ် ရှိခဲ့ပြီး expected goals (xG)ကလည်း ၃.၁၆ အထိ ရှိခဲ့ပါတယ်။
ရီးယဲလ်အနေနဲ့ ၂၀၁၄-၁၅ ရာသီကတည်းက လာလီဂါအဖွင့်လေးပွဲမှာ ရှုံးပွဲတွေ့တာ ပထမဆုံးဖြစ်ခဲ့ပါတယ်။

image