ထိုင်း၊ အင်ဒိုနီးရှား ၊ကမ္ဘောဒီးယား ဖူဆယ်ကလပ်နဲ့ မြန်မာဖူဆယ်ကလပ်တွေ ပါဝင်မယ့် Fire Dragon International Futsal Cup 2026 ပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်မှာ စတင်မယ်

ထိုင်း၊ အင်ဒိုနီးရှား ၊ကမ္ဘောဒီးယား ဖူဆယ်ကလပ်နဲ့ မြန်မာဖူဆယ်ကလပ်တွေ ပါဝင်မယ့် Fire Dragon International Futsal Cup 2026 ပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်မှာ စတင်ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။
Fire Dragon International Futsal Cup 2026 ပြိုင်ပွဲမှာ ပြည်ပကလပ်တွေဖြစ်တဲ့ ထိုင်းဖူဆယ်ကလပ် Black Pearl United ၊ အင်ဒိုနီးရှားကလပ် Black Steel Fc Papua နဲ့ ကမ္ဘောဒီးယားဖူဆယ်ကလပ် Lucky Fc တို့ ပါဝင်မှာဖြစ်ပြီး မြန်မာကလပ်တွေအနေနဲ့ YCDC DREAM TEAM FC၊ YRG FC၊ MIU FC၊ M 2 K FC နဲ့ TG UNITED တို့ ဝင်ရောက်ယှဉ်ပြိုင်ကစားသွားကြမှာပါ။
Group A မှာ အင်ဒိုနီးရှားကလပ် Black Steel Fc Papua ၊ ကမ္ဘောဒီးယားဖူဆယ်ကလပ် Lucky Fc ၊ မြန်မာဖူဆယ်ကလပ်နှစ်သင်းဖြစ်တဲ့ YCDC DREAM TEAM FC နဲ့ TG UNITED တို့ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဥ်မှာ YCDC DREAM TEAM FC နဲ့ TG UNITED ၊ Black Steel Fc Papua နဲ့ Lucky Fc တို့ တွေ့ဆုံနေပါတယ်။
Group B မှာ ထိုင်းဖူဆယ်ကလပ် Black Pearl United၊ YRG FC၊ MIU FC နဲ့ M 2 K FC အသင်းတို့ ကျရောက်နေပြီး အုပ်စုအဆင့်ပထမပွဲစဥ်မှာ Black Pearl United နဲ့ MIU FC ၊ YRG FC နဲ့ M 2 K FC အသင်းတို့ယှဥ်ပြိုင်ကစားရမှာပါ။
အုပ်စု ပထမရအသင်း၊ ဒုတိယရအသင်းတွေအနေနဲ့ ဆီမီးဖိုင်နယ်ပွဲစဥ်‌တွေကို ကစားရမှာဖြစ်ပြီး ဗိုလ်လုပွဲနဲ့ တတိယလုပွဲတွေ ဆက်လက်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။

image