မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသား ၁၅၀၀ နီးပါးကို တပ်မတော်ပိုင်သင်္ဘောတွေနဲ့ပြန်ခေါ်မယ်
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ အထဲက မြန်မာနိုင်ငံသား ၁၅၀၀ နီးပါးကို တပ်မတော်ပိုင်သင်္ဘောတွေနဲ့ မြန်မာအစိုးရကပြန်လည် ခေါ်ယူသွားမယ်လို့ သိရပါတယ်။
ပြစ်ဒဏ်ကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံကို ပြန်ဖို့ အခက်အခဲကြုံတွေ့နေရတဲ့အထဲက မြန်မာနိုင်ငံသားစိစစ်ပြီးသူ ၁၄၇၆ ယောက်ကို စက်တင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်မှာ ပြန်လည်ခေါ်ယူသွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း မြန်မာဒုက္ခသည် ၅၀၀၀ ကို မူလနိုင်ငံကို မိမိဆန္ဒအလျောက် ပြန်လည်ပို့ဆောင်ရေးအစီအစဉ်ကို ဆောင်ရွက်နေကြောင်း ၊ ပထမအဆင့်အဖြစ် မြန်မာအစိုးရက အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံသား ၁၄၇၆ ယောက်ကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ ပြန်ပို့မယ်လို့ ပြောထားပါတယ် ။
မလေးရှားနိုင်ငံမှာ ဆယ်စုနှစ်များစွာကြာအောင် UNHCR မှာ မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ ဒုက္ခသည်များရှိနေခြင်းဆိုင်ရာပြဿနာက လက်ရှိမှာ ကြီးမားတဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးတခုဖြစ်လာသလို ပြင်းထန်တဲ့ လူမှုရေးပြဿနာကို ဖန်တီးကာ နိုင်ငံအတွက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတခု ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာဒုက္ခသည်တွေထဲကမှ အရည်အချင်းပြည့်မီပြီး မိမိဆန္ဒအရ နိုင်ငံကိုပြန်လိုတဲ့သူ ၊ မြန်မာအစိုးရကလည်း လက်ခံသူတွေကို နေရပ်ပြန်ပို့ဖို့ နှစ်နိုင်ငံ ဆွေးနွေးညှိနိူင်းခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
မလေးရှားပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မလေးရှားမှာရှိတဲ့ မြန်မာ ဒုက္ခသည်တွေထဲမှာ ရိုဟင်ဂျာ ၊ မွန် ၊ ကရင် ၊ ချင်း လူမျိုးတွေများကြောင်း ပြောဆိုထားပါတယ်။
အခုပြန်ပို့မယ့် မြန်မာနိုင်ငံသား ၁၄၇၆ ယောက်နဲ့ပတ်သက်လို့တော့ အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
" ထိန်းသိမ်းရေးစခန်း တွေမှာထိန်းသိမ်းထားတဲ့ မြန်မာတွေလည်း ပါနိုင်ပေမယ့် ရိုဟင်ဂျာတွေများနိုင်တယ်လို့ ထင်ပါတယ်။ ဘာလို့ဆိုရင် မလေးရှားမှာ အဖမ်းခံရလို့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဥ်နဲ့ အခုထိ နေ့တိုင်းလိုလို လေကြောင်းလိုင်းနဲ့ ပြန်ပို့နေတာပဲ ။ ပြန်ပို့တဲ့အရေအတွက်ကိုလည်း သံရုံးကတောက်လျှောက်တင်ပေးနေတယ်။ ပြန်ခေါ်မယ့် သူတွေက ဘယ်လိုလူတွေပါမယ်ဆိုတာကို ကျွန်တော်တို့ မြန်မာအစိုးရကလည်း စာရင်းအတိကျမထုတ်ပြန်သေးဘူး။မလေးအစိုးရကလည်း အတိကျမထုတ်သေးဘူး။ အရင်ကတော့ ရိုဟင်ဂျာ ၅၀၀၀ ကို ပြန်ပို့မယ်ဆိုပြီး မလေးရှားအစိုးရ ပြောတာတော့ရှိခဲ့ဖူးတယ်။ ခုနောက်ပိုင်းကျတော့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့မယ်ဆိုပြီး လေသံပြောင်းသွားတာ ။ မလေးဘက်ကမထ " လို့ မလေးရှားရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူက ပြောပါတယ်။