ဖလမ်းမြို့ ပြည်သူ့ဆေးရုံ၏ အပျ-က်အစီးများကိုရှင်းလင်းဖယ်ရှား
အကြမ်းဖက်ဖြစ်စဥ်များကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ပြည်သူ့ဆေးရုံ၏ အပျက်အစီးများကိုရှင်းလင်းဖယ်ရှားမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
အလုံးစုံပျ-က်စီးခဲ့သော ဖလမ်းမြို့ပြည်သူ့ဆေးရုံရှိ နှစ်ထပ်လူနာဆောင်၊ ဖျားနာဆောင်၊ ဓာတ်မှန်၊ ဓာတ်ခွဲခန်း၊ Oxygen Plant ၊ ခွဲစိတ်ဆောင်(အဟောင်း)၊ (အဟေသားဖွားမီးယပ်ဆောင်)၊ အရိုးကုသဆောင်(အဟောင်း)နှင့် ဆေးစတိုခန်းများ၏ အပျ-က်အစီးများကို တပ်မတော်သားများနှင့် ဒေသခံများက လူအား၊ စက်အားဖြင့်ရှင်းလင်းဖယ်ရှားလျက်ရှိကြောင်း သိရသည်။
ထို့သို့ ရှင်းလင်းဖယ်ရှားနေမှုကို နယ်စပ်ရေးရာဝန်ကြီး ဌာန ဒု-ဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။