အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ

ဘင်္ဂလားပင်လယ်အော်(အနောက်မြောက်ပိုင်း)နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်-ဩရိဿပြည်နယ်(မြောက်ပိုင်း) ကမ်းခြေတို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်ပိုမိုအားကောင်းလာပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိခဲ့သည်။
ယင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်(မြောက်ပိုင်း)-အနောက်ဘင်္ဂလားပြည်နယ်တို့သို့ ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းထားကြောင်း သိရသည်။
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေ အနေအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သြဂုတ် ၃၀ ရက်နေ့လယ် ၃ နာရီခွဲအချိန်တိုင်းထွာချက်များကိုအသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

image