သီပေါမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတွင် ၅၇ ကြိမ်မြောက် အခမဲ့မျက်စိကုသမှု ပြုလုပ်မည်

သီပေါ၊ဩဂုတ်-၂၉

သီပေါမြို့၊ သီပေါဘုရားကြီးဝင်း အတွင်းရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံတွင် (၅၇) ကြိမ်မြောက် အခမဲ့မျက်စိကုသမှုအစီအစဉ်ကို စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမဲ့မျက်စိကုသမှုအစီအစဉ်တွင် မျက်စိဝေဒနာရှင်များအနေဖြင့် လာရောက်၍ မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် လိုအပ်သည့်ကုသမှုများကို ခံယူနိုင်မည်ဖြစ်သည်။

အခမဲ့ကုသမှုခံယူလိုသည့် မျက်စိဝေဒနာရှင်များအနေဖြင့် စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထား၍ သီပေါသီတဂူစက္ခုဒါနဆေးရုံသို့ လာရောက်စမ်းသပ်ကုသမှုခံယူနိုင်ကြောင်း သိရသည်။

image